BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

City Bus နှင့် School Bus များ အဓိကထုတ်လုပ်မည့် Daewoo အမှတ်တံဆိပ် ကားစက်ရုံ (၂၀၁၈) နှစ်ကုန်တွင် စတင်လည်ပတ်မည်

News Image: 

ကိုရီးယားနိုင်ငံ  Daewoo ဘတ်စ်ကား အမှတ်တံဆိပ်နှင့် မြန်မာ နိုင်ငံတွင် Myanmar Coach Center Co., Ltd. တို့ အကျိုးတူပူးပေါင်းကာ Daewoo ဘတ်စ်ကားများ ပြည်တွင်း ၌ ထုတ်လုပ်ရောင်းချနိုင်ရန် စက်ရုံ အား (၂၀၁၈) နှစ်ကုန်ပိုင်းတွင် စတင် လည်ပတ်မည်ဖြစ်ကြောင်း Myanmar Coach Center Co., Ltd.၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ကျော်ကျော် အောင်က Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။

 Public   Transporation အတွက်  လိုအပ်ချက်ရှိသော City Bus နှင့် ကျောင်းကားများအတွက် လုံခြုံစိတ်ချမှုရှိစေရနှ်school ဘတ်စ် များကို အဓိကထား ထုတ်လုပ်ရန် လျာထားကာ  ကားအစိတ်အပိုင်း   ပစ္စည်းများကို   ကိုရီးယားနိုင်ငံမှ တင်သွင်းပြီး ပြည်တွင်း၌ SKD စနစ် ဖြင့် ထုတ်လုပ်တပ်ဆင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ီ Daewoo ဘတ်စ်ကားစက်ရုံ အတွက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ (၁၀) မီလီယမ်ရှိကာ ကိုရီးယားနိုင်ငံ Daewoo မှ စက်ပစ္စည်း နည်းပညာ နှင့် Management များ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း  ဒေါက်တာ ကျော် ကျော်အောင်က ပြောသည်။ လက်ရှိ ပြည်တွင်းသို့ တင်သွင်းနေသော ဘတ်စ် ကားကြီးများမှာ  ထုထည်ကြီးမား သဖြင့် သယ်ယူပို့ဆောင်စရိတ် ကြီး မြင့်နေပြီး ပြည်တွင်း၌သာ ထုတ်လုပ် တပ်ဆင် ရောင်းချနိုင်ပါက ကုန်ကျ စရိတ် သိသာစွာ လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာပြည် တွင်း ၀ယ်လိုအားတစ်ခုတည်းသာ မ ကဘဲ  ပြည်ပနိုင်ငံများသို့  တင်ပို့ ရောင်းချနိုင်ရန် မျှော်မှန်းထားကာ ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြင့် ကုန် ကျစရိတ်သက်သာခြင်း၊ နည်းပညာ များ တိုးတက်မြင့်မားလာနိုင်ကြောင်း ရှင်းပြသည်။

Daewoo ဘတ်စ်ကားထုတ် တဲ့ ပုံစံက သူ့ရဲ့  ကားစက်ရုံတိုင်းက မော်ဒယ်တစ်မျိုး နှစ်မျိုးထက် ပိုမ ထုတ်ဘူး။ မြန်မာနိုင်ငံမှာ ထုတ်ရင် အဲ့ဒီ မော်ဒယ်ကိုပဲ တစ်ကမ္ဘာလုံးက စက်ရုံတွေမှာ ထုတ်တယ်။ အဲ့လို ထုတ် တဲ့အတွက် Daewoo ရဲ့ ဒီမော်ဒယ် ကို လိုချင်ရင် Daewoo Network  ကနေ မြန်မာပြည်ကနေပဲ မှာရမယ်။ ပြည်တွင်းမှာပဲ မဟုတ်ဘဲ ပြည်ပကို Export လုပ်နိုင်တဲ့အဆင့်ထိသွားမယ်}} ဟု ဒေါက်တာ ကျော်ကျော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင်း Daewoo ဘတ်စ်ကားစက်ရုံအား ရန်ကုန်မြို့ ထောက်ကြန့်တွင်  တည်ဆောက်နေပြီး (၂၀၁၃)  ခုနှစ်  ကတည်းကပင် Myanmar Coach Center Co., Ltd. မှ Daewoo အမှတ်တံဆိပ် Express Bus, City Bus, Mini Bus  နှင့် Tour Bus များ  တင်သွင်းရောင်းချနေခြင်း ဖြစ်ကြောင်းသိရသည်။ ကိုရီးယား နိုင်ငံအမှတ်တံဆိပ် Daewoo ဘတ်စ် ကားသည် (၁၉၅၅) ခုနှစ်ကတည်းက ပင် စတင်ထုတ်လုပ် ခဲ့ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံ ခုနစ်နိုင်ငံတွင် ကားစက်ရုံများ တည်ဆောက်ထားကာ Daewoo ဘတ်စ်ကားများ တင်သွင်း ရောင်း ချသည့် နိုင်ငံ (၃၂) နိုင်ငံနှင့် SKD Assemblyတပ်ဆင်ထုတ်လုပ်ရောင်း ချသော နိုင်ငံ (၁၁) နိုင်ငံ ရှိကြောင်း သိရသည်။

(၂၀၁၄) ခုနှစ်အတွင်း Daewoo ဘတ်စ်ကားအစီးရေ ထုတ်လုပ် မှုသည် (၁၂၁၅၀)စီး ရှိခဲ့ပြီး ပြည်တွင်း ၌သာ တပ်ဆင်ထုတ်လုပ်ရောင်းချနိုင် ပါက ကွာလတီ ကောင်းမွန်သော ဘတ်စ်ကားများကို ကုန်ကျစရိတ် သက်သာစွာဖြင့် တပ်ဆင်ထုတ်လုပ် နိုင်မည်ဖြစ်သည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။