BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ အစုရှယ်ယာများ လေးဘီလီယံဝန်းကျင်ထိ ရောင်းချမည်

ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ အစုရှယ် ယာရောင်းချမှုများ (၂၀၁၆) ဖေဖော် ၀ါရီလတွင် ယာယီရပ်ဆိုင်းထားခဲ့ ပြီးနောက် သြဂုတ်လအတွင်း ပြန် လည်ရောင်းချမှုစတင်ရန် လျာထား ကြောင်း ရန်ကုန်ဘတ်စ်ကား အများ နှင့် သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က Auto World ဂျာနယ်သို့ပြောပြခဲ့သည်။

အစိုးရမှ ထည့်ဝင်ငွေ ကျပ် (၁၀) ဘီလီယံ၊ ပြည်သူလူထုမှ ပါဝင် ငွေ ကျပ် (၁၅) ဘီလီယံဖြင့် (၂၀၁၅) ခုနှစ်အတွင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို ဖွဲ့စည်းတည် ထောင်ခဲ့ကာ (၂၀၁၅) နိုဝင်ဘာတွင် အစုရှယ်ယာများ စတင်ရောင်းချခဲ့ ကြောင်း သိရသည်။ Founder  ငါးဦး မှ ထည့်ဝင်ငွေ ကျပ်သန်း (၅၀၀) စီ အပါအ၀င် အစုရှယ်ယာ တစ်စောင် လျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချထား ခဲ့ရာ ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီမှ အစုရှယ်ယာရောင်းချထားမှု စုစုပေါင်းတန်ဖိုးမှာ ကျပ် (၅.၄) ဘီလီယံအထိ ရရှိပြီးဖြစ်ကြောင်းသိရ သည်။ (၂၀၁၆) ဖေဖော်ဝါရီလတွင် အစု ရှယ်ယာရောင်းချမှု ယာယီရပ် တန့်ခဲ့ပြီး ယခု သြဂုတ်လအတွင်း အစုရှယ်ယာများ ပြန်လည်ရောင်းချ ပေးရန် လျာထားကြောင်း သိရသည်။ အစုရှယ်ယာ တန်ဖိုးများ ပြန်လည် ရောင်းချရာ၌ ကျပ် လေးဘီလီယံ ၀န်းကျင် တန်ဖိုးအထိ ရောင်းချရန် ရည်မှန်းထားကြောင်း ဒေါက်တာ မောင်အောင်က ပြောသည်။

]]သုံးလေး ဘီလီယံအထိတော့ ရောင်းချပေးမယ် မှန်းထားတယ်။ သြဂုတ်လထဲမှာ ပြန်ရောင်းပေးဖို့ ဆွေးနွေး တိုင်ပင်နေပါတယ်။ မကြာ ခင် ထုတ်ပြန်ပေးမှာပါ}} ဟု ရှင်းပြ သည်။

ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ Brand New ကားသစ်ကြီးများဖြင့်  BRT စနစ် ကျင့်သုံးကာ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတို့တွင် ကား အစီးရေ (၆၅) စီးဖြင့် ပြေးဆွဲနေ ကြောင်း သိရသည်။   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။