BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ရရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြမည်

News Image: 

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

]] စည်ပင်နယ်နိမိတ်ထဲမှာ ဆို ပေမယ့် ကျွန်တော်တို့ မြို့နယ်မှာက သွားရေးလာရေး အင်မတန်ခက်တဲ့ အတွက်ပါ}} ဟု ၎င်းင်းက ဆိုသည်။

စစ်အစိုးရလက်ထက်က လုံခြုံ ရေးအကြောင်းပြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ညွှန်ကြားချက် တစ်ခုဖြင့် ကန့်သတ်ပိတ်ပင်ခဲ့ရာ ယနေ့ အထိ အဆိုပါအမိန့်မှာ တည်မြဲနေဆဲ ဖြစ်သည်။

အဆိုပါ  အမိန့်ကို  သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဆက်လက် အသက်သွင်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၃၊ ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မ ၈၅၊ ပုဒ်မ ခွဲ (ခ) ပါ လုပ်ပိုင်ခွင့်အရ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရဘဲ မော်တော်ဆိုင်ကယ်စီးခြင်း၊ ၀င်ရောက်ခြင်း မပြုရဟူသော အမိန့် ကို (၂၀၁၄) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့  စည်ပင်သာယာ နယ်နိမိတ် (၃၃) မြို့နယ်တွင် ပါဝင် သည့် မင်္ဂလာဒုံမြို့နယ်သည် လိုင်း ကားများ နေရာအနှံ့မရောက်ခြင်း၊ ဧရိယာကျယ်ဝန်းခြင်း၊ အနှေးယာဉ် များကို လိုင်စင် ထပ်မံချထားပေးမှု မရှိခြင်းတို့ကြောင့် အများပြည်သူများ မှာ သွားရေးလာရေး ခက်ခဲနေကြောင်း ၎င်းင်းက ဆိုသည်။

မင်္ဂလာဒုံမြို့နယ်သာမက လှိုင် သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ။ ဒဂုံ ဆိပ်ကမ်း၊မြောက်ဥက္ကလာ၊ရွှေပေါက်ကံ စသည့်မြို့နယ်များတွင်လည်း မြို့နယ် တွင်း သွားရေးလာရေးအတွက် ဆိုင် ကယ်များကို တရားမ၀င် အသုံးပြုနေ ကြရဆဲဖြစ်ပြီး ဆိုင်ကယ်သိမ်း၊ လူ ဖမ်းပြစ်ဒဏ်ကြောင့် ဆိုင်ကယ်တရား ၀င် စီးနင်းခွင့်ရရေး ကြိုးပမ်းမှုများရှိ လာသည်။   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။