BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

Master Card Paypass Card လျှောက်ထားနိုင်

News Image: 

Master Card Paypass Card  လျှောက်ထားနိုင်ကြောင်း သမ၀ါယမ ဘဏ်မှ သိရသည်။  အဆိုပါ ကတ်မှာ Prepaid ကတ်အမျိုးအစားဖြစ်ပြီး နိုင်ငံရပ်ခြားတွင် မိမိဝယ်ယူလိုသော ကုန်စည်နှင့်   ၀န်ဆောင်မှုများကို Master Card Paypass Card  Reader များတွင်  ထိကပ်ရုံဖြင့် ငွေ ပေးချေနိုင်မည်ဖြစ်ကြောင်း၊ ပေးချေ ရာတွင် ဏငည နံပါတ်ကို  ရိုက်ထည့်ရန် မလိုဘဲ  ၀ယ်ယူလိုသော ငွေသား ပမာဏကို အတည်ပြုနိုင်မည်ဖြစ် ကြောင်း သမ၀ါယမဘဏ်မှသိရသည်။

Master Card ဖြစ်သည့်အတွက် ကုန်စည်နှင့် ၀န်ဆောင်မှုများကို အွန် လိုင်းတွင်လည်း ၀ယ်ယူနိုင်မည်ဖြစ် ကြောင်းသိရသည်။  ပြည်ပနိုင်ငံများရှိ အေတီအမ်များတွင်လည်း ငွေသား ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကတ်ကို သမ၀ါယမဘဏ်၏ ဘဏ်ခွဲ များအားလုံးတွင် လျှောက်ထားနိုင် ကြောင်းသိရသည်။ အဆိုပါ Master Card Paypass Card   မှာ ကမ္ဘာ့နိုင်ငံ ပေါင်း (၂၀၀) ကျော်ရှိ အေတီအမ်များ တွင် ငွေသားထုတ်ယူခြင်းနှင့် စား သောက်ဆိုင်များ၊   ဟိုတယ်များ၊ ရှော့ပင်းစင်တာများ၊ ဆေးရုံများတွင် ငွေပေးချေနိုင်ကြောင်း သိရသည်။

လျှောက်ထားရန်  အတွက် နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံ ကူး လက်မှတ်၊ ကတ် စတင်လျှောက် ထားခ ရှစ်ထောင်ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ကနဦး စာရင်း ဖွင့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ငါးဆယ် (မြန်မာငွေ ငါးသောင်း) လက်ခံမည်ဖြစ်ပြီး ထပ်မံငွေဖြည့်သွင်း နိုင်ကြောင်း၊ ငွေဖြည့်သွင်းနိုင်သည့် အများဆုံးငွေပမာဏမှာ အမေရိကန် ဒေါ်လာ  ငါးထောင်ဖြစ်ကြောင်း သိရ သည်။ ကတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သမ၀ါယမဘဏ် ကတ် ဌာနသို့  အသေးစိတ် မေးမြန်းနိုင် ကြောင်း သိရှိရသည်။              

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။