BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဘီအာရ်တီ ပေါ်တွင် စီစီတီဗီ ကင်မရာများ တပ်ဆင်

News Image: 

BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြင်း၊ ကွမ်း စားခြင်း၊ ယာဉ်စီးခ မပေးခြင်းတို့ ပြုမှုများရှိနေသဖြင့် စီစီတီဗီ ကင်မရာ များ တပ်ဆင်ရခြင်းဖြစ်ကြောင်း သိရ သည်။

ထိန်းချုပ်ခန်းနှင့် ဆက်သွယ် ထားသော စီစီတီဗီ ကင်မရာလေးလုံး ကို BRT ယာဉ်တစ်စီးစီတွင် တပ်ဆင် ပြီး ယာဉ်ပေါ်မှ စပီကာမှ တစ်ဆင့် အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူကဆိုသည်။ ယင်းသို့ စည်း ကမ်းမဲ့မှုများကို အသိပညာပေးမှုဖြင့် မလုံလောက်ပါက ဒဏ်ငွေရိုက်အရေး ယူမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် BRT ယာဉ် ကို စီးနင်းသူများ တိုးတက်လာသကဲ့ သို့ BRT မှတ်တိုင်များကို ဖျက်ဆီး ခြင်း၊ ခုံများကို ဖျက်ဆီးခြင်းတို့ကို လည်း ကြုံတွေ့နေကြောင်း ၎င်းင်းကဆို သည်။ BRT ယာဉ်လိုင်းကို (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလတွင်လမ်းကြောင်း အမှတ် (၁)ဖြင့် စတင်ပြေးဆွဲခဲ့ပြီး မတ်လတွင် လမ်းကြောင်းအမှတ် (၂) ကို တိုးချဲ့ပြေးဆွဲကာ လက်ရှိတွင် ယာဉ်စီးရေ (၅၈) စီးဖြင့် ပြေးဆွဲလျက် ရှိသည်။ 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။