BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မြစ်ရေ၊ ချောင်းရေ မိုးရေလျှံ၍ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းများ ၀င်ငွေကောင်း

မြစ်ရေလျှံသည့်အပြင် မိုး သည်းထန်စွာ  ရွာသွန်းမှုကြောင့် မော်တော်ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်းများ  ယခင်ကထက် ၀င်ငွေ ကောင်းနေကြောင်း ရေနံချောင်းမြို့ အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဆိုင်ကယ်အဟောင်းပြုပြင်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ]]ယခု ရက်ကတော့ အဖြစ်များတာက အင်ဂျင်ပြန်လုံးတာတို့၊ ရေ၀င်လို့ စက်ပိုင်းဆိုင်ရာတွေ ချို့ယွင်းတာများ တယ်။ စက်ပစ္စည်း အပိုပစ္စည်းထည့် ပေးရတာတို့  လုပ်ရတာ။ တစ်နေ့ ဆယ်စီးအထိ ရှိတယ်။ မိုးရွာသွန်းတဲ့ အတွက် ရေကြောင့်ဖြစ်တာတွေများ တယ်။ တောဘီး (ကျေးရွာက ဘီး တွေ) များတယ်။ တစ်နေ့ ၀င်ငွေ (၁၅၀၀၀) ကျပ် အထိဝင်တာ။ အရင် ထက်စာရင်တော့ ၀င်ငွေကောင်းတယ် လို့ ပြောရမယ်}} ဟု ပြောပြခဲ့သည်။

နှစ်စဉ်အညာဒေသတွင် ဇူလိုင်၊ သြဂုတ်လများတွင် မိုးရာသီဖြစ်သော် လည်း အပူချိန်မြင့်တက်ပြီး မိုးခေါင် နေခဲ့၍ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း များမှ ပုံမှန်ဝင်ငွေ (၇၀၀၀) ကျပ် ၀န်းကျင်သာရရှိခဲ့ကြသည်။ ဆေးပန်း မှုတ်လုပ်ငန်းတစ်ခုမှ ]]ရာသီက မိုးရွာ ပြီးရေလျှံတယ်။ မြစ်ရေချောင်းရေ လျှံတဲ့အတွက် ဆိုင်ကယ်တွေ ဒူးကာ တွေ အရောင်လွင့်တာတို့ရှိတယ်။ ဆေးပြန်မှုတ်ရတယ်။ တစ်စီးလုံး ပြန်ကိုင်တာတော့ နည်းတယ်။ တစ်စိတ်တစ်ပိုင်းလေးတွေ အရောင် တင်ရတာ။ ရေဆေးပေးရတာတို့ ပြန်ရှိုင်းရတာတို့ပေါ့။ တစ်နေ့ဝင်ငွေ (၁၀၀၀၀) ကျော်ပဲပေါ့။ အလုပ်က အရင်ကာလထက် ပြန်ကောင်းလာ တယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေက ဆိုင် (၃၀) ကျော်ရှိတယ်။ ကြာတယ်}} ဟုပြောပြခဲ့သည်။

]]ဆိုင်ကယ်ဦးထုပ် ပိုရောင်းရ တယ်။ ဦးထုပ်  ဆောင်းရမယ်လို့ ပညာပေးအရေးယူနေခြင်းထက် မိုး ရာသီဖြစ်တော့ ဦးထုပ်က မဖြစ်မနေ ၀ယ်ကြတယ်။  တစ်နေ့အလုံး (၃၀) ကနေ (၅၀) အထိရောင်းရတယ်။ တစ်မြို့လုံး (၂၀၀) လောက်တော့ ရောင်းရလိမ့်မယ်}} ဟု ရွှေဝါထွန်း ဆိုင်ကယ်ရောင်းဝယ်ရေးမှ ပြောပြခဲ့ သည်။                       

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။