BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

တန်ဖိုးနည်းတိုက်ခန်း (၂၀၀၀) ကျော်ကို ယခုလအတွင်း ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်း အိမ်ရာခန်း (၂၂၀၀) ကျော်ကို ယခုလ အတွင်း ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ကနောင်  တန်ဖိုးနည်းအိမ်ရာနှင့် ယုဇနအပိုင်း (၁) တို့မှ တန်ဖိုးနည်း အိမ်ရာစုစုပေါင်း (၂၂၀၈) ခန်းကို ယခုလအတွင်း ရောင်းချနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်းသိရသည်။ ယင်း အိမ်ရာများကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းဖြစ် သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် ဦးဌာနပိုင်မြေများပေါ်တွင် တည် ဆောက်နေခြင်းဖြစ်ပြီး မြေညီထပ် တစ်ခန်းကို ကျပ်သိန်း (၁၂၀) ၀န်း ကျင်ဖြင့် ရောင်းချနိုင်ရန် စီစဉ်ထား ကြောင်း၊   ကျန် အထပ်များကို ကျပ်သိန်း (၁၂၀)အောက် ဈေးများဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ  အဖွဲ့ထံ လွှဲ ပြောင်းပေးအပ်မှုများ ဆောင်ရွက်ပြီး ပါက တန်ဖိုးနည်း အိမ်ရာဝယ်ယူလို သူများအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ လျှောက်လွှာများ ၀ယ်ယူလျှောက်ထားမှုများကို ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းတန်ဖိုးနည်းအိမ်ရာများ ကို ရောင်းချပေးရာတွင် လက်ငင်း ငွေပေးချေသည့် စနစ်ရှိသကဲ့သို့ လေးလအတွင်း လေးရစ်ခွဲကာ အရစ် ကျစနစ်ဖြင့် ရောင်းချသည့်စနစ်ဖြင့် လည်း ရောင်းချမည်ဖြစ်ပြီး တိုက်ခန်း တန်ဖိုး၏ ရာခိုင်နှုန်း (၃၀) ကို ကနဦး ပေးချေကာ ကျန်ရာခိုင်နှုန်း (၇၀) ကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူကာ ယင်းဘဏ်သို့ အရစ်ကျ ပြန်လည် ပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။