BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မန္တလေးခရိုင်အတွင်း ကာလတူနှိုင်းယှဉ်ချက်အရ ယာဉ်တိုက်မှုများ တိုးမြင့်လာ

မန္တလေးခရိုင်အတွင်း  ယာဉ် တိုက်မှုနှင့် ပတ်သက်ပြီး မှတ်တမ်း များအရ ကာလတူနှိုင်းယှဉ်လျှင် အမှု များတိုးလာခြင်းမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်သူ  များကြောင့်ဖြစ် ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (မန္တလေး) ယာဉ်ထိန်းရဲ ဒုရဲမှူးတစ်ဦးက ပြောသည်။

]]ယာဉ်တိုက်မှု ဖြစ်စဉ်တွေက ညပိုင်းမှာပိုများတယ်။ စည်းကမ်း ဖောက်ဖျက်သူများကြောင့် အမှုတွေ တိုးလာတာလို့ သုံးသပ်လို့ရပါတယ်။ ပညာပေးတာတွေ ဘယ်လောက်လုပ် လုပ် လိုက်နာမှုက အရေးကြီးတယ်}} ဟု ၎င်းင်းကပြောသည်။

ဇန်န၀ါရီလမှ ဇူလိုင်လအထိ ယာဉ်တိုက်မှု စာရင်းများအရ (၂၀၁၅) ခုနှစ်တွင် အမှုပေါင်း (၁၇၀)၊ သေဆုံး သူ (၈၉) ဦး၊ ဒဏ်ရာရသူ (၁၅၂) ဦး ရှိခဲ့ရာမှ (၂၀၁၆) ကာလတူအချိန်တွင် အမှုပေါင်း (၁၉၄)မှု၊ သေဆုံးသူ (၉၇) ဦး၊  ဒဏ်ရာရသူ (၂၂၀)ဦး ရှိသဖြင့် အမှုပေါင်း(၂၄) မှု၊ သေဆုံးသူ(၈) ဦး နှင့် ဒဏ်ရာရသူ (၆၈) ဦး တိုးမြင့်လာ ကြောင်း သိရသည်။

]]ပြည်ကြီးတံခွန် မြို့နယ်မှာ ယာဉ်တိုက်မှု (၄၀) နဲ့ သေဆုံးသူ (၂၅) ဦးရှိတယ်ဆိုတော့ သူက အများ ဆုံးပဲ။ ဖမ်းဆည်းအရေးယူမှုနဲ့ ပညာပေးရေးမှာ လက်ကမ်းတွေ ဝေ နေတယ်။ ည (၁၂) နာရီကျော်ချိန်မှာ အဖြစ်များတယ်}} ဟု ဆက်လက်ပြော ပြခဲ့သည်။ တိုင်းဒေသကြီးအတွင်း ယာဉ် တိုက်မှုစာရင်းများအရ (၂၀၁၆) ဇန်န၀ါရီမှ ဇူလိုင်လအတွင်း ယာဉ် တိုက်မှု (၁၂၃၀) မှု၊ သေဆုံးသူ (၃၈၅) ဦး၊ ဒဏ်ရာရသူ (၁၈၇၄) ဦး ဖြစ်ရာ ယခင်နှစ်ကာလတူ နှိုင်းယှဉ် ပါက သေဆုံးသူ (၃၂) ဦးပိုလာပြီး ယာဉ်တိုက်မှု (၆) မှုနှင့် ဒဏ်ရာရသူ (၃၀၂) ဦး လျော့နည်းခဲ့ကြောင်း သိရ သည်။                   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။