BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

1800 Spectrum ကို (၂၀၁၇) ခုနှစ် အစောပိုင်းတွင် ရောင်းချမည်ဟုဆို

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် 2600 Spectrum သြဂုတ်လတွင် လေလံတင်ရောင်းချ မည်ဟု ခန့်မှန်းထားပြီး 1800 Spectrum ကို (၂၀၁၇) ခုနှစ် အစောပိုင်း တွင် ရောင်းချနိုင်မည်ဟု ခန့်မှန်းထား သည်။

ဆက်သွယ်ရေး အော်ပရေတာ များ အနေဖြင့် 2600 Spectrum ကို ၀င်ရောက်ဝယ်ယူမည်၊ မ၀ယ်ယူမည် ဆိုသည်မှာ 1800 Spectrum ကို ရောင်းချပေးမည့် အချိန်ကာလနှင့် သက်ဆိုင်နေသည်ဟု တယ်လီနော၏ CEO ဟောင်း Mr. Petter က ပြော ဆိုထားသည်။ ပြည်တွင်း Brand Band အင်တာနက်ကို လုပ်ကိုင်လို သည့် စီးပွားရေးလုပ်ငန်းရှင်များ သည် 2600 Spectrum ကို ဆက် သွယ်ရေး အော်ပရေတာများအတွက် ရောင်းချပေးခြင်း မပြုလုပ်ရန် စု ပေါင်းကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြ ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနထံ တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြ သည်။

လက်ရှိအချိန်၌ ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနသညှ် Stake- hold များနှင့် ဆွေးနွေးထားသည်များ ကို ပြန်လည်ရေးဆွဲထားသည့် 2600 MHz Auction Framework ကို ဇူလိုင်လ (၂၅) ရက် နေ့က ထုတ်ပြန်ခဲ့ ပြီး လေလံအတွက် စိတ်ဝင်စားသည့် နည်းပညာကုမ္ပဏီများရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆက် သွယ်ရေး အော်ပရေတာများ သည် 2G,3G နှင့် 4G ကွန်ရက်တို့ကို ၀န်ဆောင်မှုပေးအပ်ရန် အတွက် 900 နှင့် 1200 Spectrum တို့ကို အစိုးရထံမှ ရယူထားသည့် အပြင် နည်းပညာ Device များနှင့် အဆင်ပြေ ဆုံး ဖြစ်သည့် 1800 Spectrum ကို လည်း ထပ်မံဝယ်ယူရန် စောင့်ဆိုင်း နေကြခြင်းဖြစ်သည်။ 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။