BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

စာကြည့်မီး မပိတ်ပေးသဖြင့် ခရီးသည်တစ်ဦးက ဘိုးအင်းလေယာဉ်ပေါ်၌ အော်ဟစ်ဆဲဆို

News Image: 

ဟိုဒိုလူလူမှ ၀ါရှင်တန်သို့ တိုက်ရိုက်ပျံသန်းသော လေယာဉ်ပေါ်တွင် စာကြည့်မီးပိတ်မပေးသည့် ပြဿနာကြောင့် ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ခဲ့သူတစ်ဦးသည် အနှောင့်အယှက် ဖြစ်စေသည့် အပြုအမူများကြောင့် ဒဏ်ငွေတပ်ခံရနိုင်ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါလေယာဉ်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက်ပျံသန်းနေစဉ် အဆိုပါ ပြဿနာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်အားလုံး အိပ်စက်ရန် ကြိုးပမ်းနေချိန်တွင် အမျိုးသမီးတစ်ဦးမှာ ၎င်း ၏စာကြည့်မီးကို ဖွင့်ထားခဲ့သည်။ ၎င်း၏နောက်ခုံ၌ ထိုင်နေသည့် အသက် ၅၀ အရွယ်ခန့်ရှိ  ၀ါရှင်တန်မြို့သားက စာကြည့်မီးကိုပိတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းက ငြင်းဆိုခဲ့သည်။ သို့ဖြစ်၍ မီးမပိတ်ပေးပါက ထိုင်ခုံကို ခြေဖြင့်ကန်မည်ဟု ၀ါရှင်တန်မြို့သားက ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

အမှန်မှာ ၎င်းလေယာဉ်သည် ခရီးသည် ၁၄၇ ဦး လိုက်ပါနိုင်သော်လည်း ထိုညက ၈၆ ဦးသာ လိုက်ပါခဲ့သည်။ သို့ဖြစ်၍ ထိုင်ခုံအလွတ်များရှိနေပြီး လေယာဉ်ဝန်ထမ်းများက နေရာလဲလှယ်ပေးခြင်းမရှိခဲ့သည်မှာ ထူးဆန်းနေ ကြောင်း လေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည်အချို့က ပြောသည်။                

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။