BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

တံတားပေါ်မှ ပစ်ပေါက်လိုက်သော အုတ်ခဲက ဗင်ကားရှေ့မှန်ကို ဖြတ်ဝင်

နောက်ပြောင်လိုသည့်သဘောဖြင့် တံတားပေါ်မှ  ပစ်ပေါက်လိုက်သော အင်္ဂတေခဲတစ်လုံးသည်  ဗန်ကားတစ်စီး ၏ ရှေ့မှန်မှဖြတ်ဝင်ခဲ့သော်လည်း ယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့ပြီး အသက်ဘေးမှ လွတ် မြောက်ခဲ့သည်။

အဆိုပါအုတ်ခဲသည် ကားရှေ့မှန်ပေါ်သို့ပြုတ်ကျပြီး ကားမှန်များကွဲကာ ယာဉ်မောင်း၏မျက်နှာတွင် ဒဏ်ရာရသော် လည်း အသက်သေစေလောက်သည့် နေရာများနှင့် လက်မအနည်းငယ်သာ လွဲချော်သွားခြင်း ဖြစ်သည်။ ဗြိတိန် နိုင်ငံ၊ အက်ဆပ်စ်ခရိုင် ကော်လ်ချက်စတာရှိ A 12  ကုန်းကျော်တံတားအောက်တွင် သွားနေသော အပြာရောင် ဗင်ကားပေါ်သို့ အုတ်ခဲကျလာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လမ်းမကြီးပေါ်တွင်ယာဉ် အသွားအလာများနေချိန် ဖြစ်သော်လည်း ယာဉ်မောင်းဖြစ်သူက ကားကို ကျင် လည်စွာမောင်းနှင်၍ လမ်းဘေးတွင် ရပ်တန့်နိုင်ခဲ့သည်။

အလားတူပင် ကမ်စ်ဖို့မြို့ရှိ တံတားအောက်မှ ကားများတွင်လည်း ယင်းသို့အင်္ဂတေခဲများဖြင့် ပစ်ချရန်စမှုများ ရှိကြောင်း သိရသည်။ ကြီးမားသောအင်္ဂတေခဲကြီးဖြင့် ပစ်ပေါက်ခြင်း ဖြစ်ရပ်များကိုစတင် စုံစမ်းအရေးယူနေပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ မည်သူ့ကိုမျှ ခြေရာခံ၍မရသေးကြောင်း သိရသည်။  

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။