နာမည်ကြီး ဖို့ဒ်ကားထုတ်လုပ်ရေးမှ ဖို့ဒ်မတ်စတန်  နှစ် ၅၀ ပြည့် 

ဧပြီ (၃) ရက်နေ့မှ (၆) ရက်နေ့ အထိ တပ်မတော်ခန်းမတွင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်မဏ္ဍပ်များဆောက်လုပ် မှုအနေအထားကိုကြည့်ပြီး လမ်းဆုံ မီးပွိုင့်နေရာများတွင် ယာဉ်ထိန်းတပ် ဖွဲ့ဝင်အင်အားအားလုံးကို အပြည့်အ၀ အင်အားအသုံးချပြီး ဆောင်ရွက်သွား မည်ဟု အမှတ်

ဂျပန်လေလံဈေးမြင့်တက်ခြင်းကြောင့် Point 3 ကားဈေးများမြင့်တက်

News Image: 

ဂျပန်လေလံဈေး မြင့်တက်ခြင်းကြောင့် ကားဈေးများမြင့်တက်လျက်ရှိကြောင်း ဟံသာဝတီကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။ မြန်မာကားဈေးကွက်၌ လူကြိုက်များနေသည့် Point 3 ကားများမှာ ဈေးအနည်းငယ် မြင့်တက်သွား ကြောင်း သိရသည်။

"အရင်တုန်းက ယန်းတစ်သိန်းခွဲလောက်နဲ့ အောင်တဲ့ကားတွေက အခု ယန်းသုံးသိန်းနီးပါးပေးမှ အောင်တော့တယ်။ ဂျပန်လေလံကားဈေးကွက်ကို နိုင်ငံတကာဝင်ရောက်ဆွဲတာနဲ့လည်းဆိုင်မယ်" ဟု ကားဝယ်ရောင်းတစ်ဦးက သုံးသပ်သည်။

Point 3 ကားများအား Taxi လုပ်ကိုင်ရန်နှင့် နယ်ဝယ်လက်များ ပိုမို အကြိုက်တွေ့နေကြကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ Point 3 ကားအမျိုး အစား၌ Belta နှင့် Probox ကားအမျိုးအစားများကို ပို၍ နှစ်သက်ကြောင်း သိရသည်။ "Point 3 ကားဈေးက ဂျပန်မှာလေလံဆွဲရင် Belta တို့ဆို ယန်း နှစ်သိန်းလောက်နဲ့ရတာကို ခြောက်သိန်းလောက်ထိ တိုးပေးရတယ်" ဟု ယင်း မှပြောသည်။

လတ်တလော၌ Point 3 ကားများသည် အနိမ့်ဆုံးဈေး ၁၄၀ အတွင်းရှိကာ Taxi လုပ်မည့်သူများမှာ ဆီစားသက်သာမှုကြောင့် ပိုမိုနှစ်သက်လာကြောင်း ပြောသည်။ " Point 3 ကားတွေက နုတယ်ဆိုပေမယ့် လုပ်ငန်းလုပ်ကိုင်မယ့်သူဆိုရင် တစ်နေ့ဝင်ငွေကိုကြည့်ရတယ်။  ဆီကုန်တာနဲ့ ၀င်ငွေက ကိုက်မကိုက်ဆို တာကိုကြည့်ရ တယ်။ အင်ဂျင်ပါဝါနည်းတဲ့အခါကျတော့ စီးပွားရေးတွက်ခြေကိုက်တယ်။ ကားအပျက်အစီးကျတော့ နောက်ပိုင်းမှ ကြည့်လုပ်ရမှာပေါ့" ဟု Point 3 ကားဖြင့် Taxi ဆွဲနေသူတစ်ဦးမှ ပြောသည်။        

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-3-Issue-15

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။