BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

၁) အမြင့်ကားဈေးမှ အနိမ့်ကားဘက်ဦးတည်ရွေ့လျားနေသော ကားဈေးကွက်

ယခုတစ်ပတ်ကားဈေးကွက်အတွင်း အင်ဂျင်မော်ဒယ်လ်နိမ့်ကားများ ၀ယ်သူများလာပြီး အနိမ့်ကားဈေးကွက် အကျဘက်သို့ ဦးတည်၍ အပေါ်ကားများ အရောင်းဝယ် ငြိမ်သက်ခဲ့ကြောင်း ဟံသာဝတီကားပွဲစားတန်းမှ ၀ါရင့် ကားဝယ် ရောင်းများက ပြောကြားသည်။' 'ကားဈေးကွက်ကတော့ ငြိမ်ပြီး ရင်း ငြိမ်နေတာပါဘဲ။ အပေါ်ကားဈေးကွက်ပျက် လို့အောက်ကားဈေးကွက် ကောင်းလာမယ်မကြံသေးဘူး ကားတွေကို နှစ်အလိုက်စပြီးအပ်ရတော့ မယ်ဆိုတော့ ကားဈေးကွက်က ပျက် ပြီးရင်း ပျက်ဖြစ်သွားပြီ။ အပေါ်ကား တင်သွင်းခွင့်ပြုလိုက်တော့ အောက်ကားတွေကို ငွေနည်းနည်းပဲနိုင်တဲ့သူတွေစီးမယ်လို့ကြံတုန်း အခုလိုဖြစ်သွားတဲ့အတွက်ကြောင့် ကားအရောင်း ၀ယ်လောက နည်းနည်းတော့ ကျဉ်း သွားတယ်''ဟု ၀ါရင့်ကားဝယ်ရောင်း လုပ်ကိုင်သူပွဲစားကြီး ဦးကြည်ဆွေမှ ပြောသည်။ ယမန်နှစ် စက်တင်ဘာလ ၁၉ ရက် နေ့မှစတင်၍ယခုနှစ်ဇွန်လအတွင်း ဖြစ်ပေါ်ပြောင်းလဲခဲ့သည့် ကြေညာ ချက်များကြောင့် ကားဈေးကွက်တွင် အကျိုးအမြတ်ဖြစ်ထွန်းမှု များကြုံတွေ့ရသကဲ့သို့ ငွေကြေးဆုံးရှုံးနစ်နာမှုများနှင့်ကြုံတွေ့ရသူများလည်း များလှသည်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု စတင်ပြီးချိန်၌စလစ်ဈေးကွက် အရောင်းအ၀ယ်ကောင်းခဲ့ကြောင်း၊ စလစ်ဈေးကွက် အရောင်းအ၀ယ်ကောင်းလာသည့်နည်းတူ သင်္ဘောသား ကား ပါမစ်၊ ပြည်ပလုပ်ကိုင်သူများ ၀ယ်ယူခွင့်ပါမစ်တို့မှာလည်းဈေး နှုန်းများအဆမတန် မြင့်တက်ခဲ့သည်။ ထိုသို့ ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ကားဈေးကွက်တွင် အမြင့်ကားဟုခေါ်သည့် ဟာရီယာ၊ ကယ်ရီနား၊ ဟွန်ဒါ၊ ပါဂျဲရိုး (ဖားပြုတ်)၊ မတ်စ်အိတ်၊ မတ်(စ်)တူး၊ မတ်(စ်)တူး (ရွှေ ငါး)တို့မှာလည်း လူကြိုက်များခဲ့သည်။ ယခင်က ပြည်တွင်း၌ ကားတစ်စီးလျှင် ကျပ်သိန်း ၁ç၀၀၀ကျော်နှင့် အောက် ဈေးနှုန်းများ ရှိခဲ့သော်လည်း ယမန်နှစ် စက်တင်ဘာလ နောက်ပိုင်းတွင်မူ ဈေးကွက်အတွင်း ကျပ်သိန်း ၅၀၀ အောက်သာ အရောင်းအ၀ယ်ဈေး ရှိခဲ့ သောကြောင့် ယခင်က ဈးကွက်အတွင်း အမြင့်ကားဟုခေါ်၍ ကျပ်သိန်း ၁,၀၀၀ ကျော်နှင့် အောက်ကားများ မှာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှုသည် ကားဈေးကွက်ပြိုကျခြင်း၏အစဟု ထင်ရသည်။

          ကားစလစ်ဈေးကွက်မှာလည်း ကျပ် သိန်း ၁၆၀ ၀န်းကျင်ခန့် ရှိခဲ့သဖြင့် မော်တော်ယာဉ်တင်သွင်းသူများအဖိုတင်သွင်းမည့်ကား၏တန်ဖိုး၊ ၀ယ်ယူရသည့် စလစ်တန်ဖိုးများကြောင့် ကားဈေးကွက် ကျပ်သိန်း၃၀၀
နှင့်အထက် ရှိနေခဲ့သည်။ ထို့နောက် သက်ဆိုင်ရာမှ နိုင်ငံသားများ နိုင်ငံခြားငွေစာရင်းရှိရုံဖြင့် ကားတင်သွင်းခွင့် ရသည်ဟု ကြေညာချက် ထုတ်ပြန်ပြီး နောက် ကားစလစ်ဈေးနှုန်းများ ကျပ် သိန်း ၈၀ လောက်အထိ ကျ
ဆင်းခဲ့ရာက ယခုတွင်မူ ကျပ် သိန်း ၆၀ ၀န်း ကျင်ခန့်သာဈေးရှိတော့သည်။ထို့အပြင် ကားဈေးကွက်၌လည်း ၁၃၅၀ စီစီအင်ဂျင်ပါဝါ ကားများကို ဆိပ်ကမ်းရောက်တန်ဖိုး ဒေါ်လာ ၅,၀၀၀ သတ်မှတ်ခြင်းတို့ကြောင့် အင်
ဂျင်ပါဝါမြင့်ကားများမှာ ဈေးကွက်၌ အရောင်းအ၀ယ်အေးစက်၍ အင်ဂျင်ပါဝါနိမ့် ကားများကို ၀ယ်ယူသူများလာခြင်းကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းက ပြည်တွင်းသို့ ရောက်ရှိ သည့်ကားများမှာ ကျပ်
သိန်း ၁၀၀ ၀န်းကျင်သာ ရှိခဲ့သည်။ ယခင်က ကျပ်သိန်း ၅၀၀ အောက်ရှိခဲ့သည့် စူဇူကီး၊ အာပလပ် (စ်)၊ချယ်ရီ၊ မြန်မာမီနီများကလည်း ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့်ဖြင့်  ဈေးကွက်အတွင်း နေရာယူခဲ့ခြင်း ကြောင့်အနိမ့်
ကားများမှာ ကျပ်သိန်း ၈၀ အောက်သို့ ကျဆင်းခဲ့ပြီး ယခုအခါ ကားကုမ္ပဏီများမှ အငှားယာဉ်များ ကို ကျပ်သိန်း ၁၀၀ ၀န်းကျင်နှင့်အထက် အမည်ပေါက်များရောင်းချလာခြင်းကြောင့် အနိမ့်ကားများဖြစ်သည် စူပါ စ
လွန်း၊SEလီမိတက်၊ ဗင်၊ ဖင်ကောက်အစရှိသည့် ကားများမှာမူ ဈေးကွက်၌ ကျပ်သိန်း ၅၀ ၀န်းကျင်ခန့်သာ ရှိတော့သည်။ ၀ယ်ယူလိုသူများအနေဖြင့် သက်တမ်းအနည်းငယ်သာ ကျန် ရှိနေခြင်းကြောင့်လည်းကောင်း
ဈေး ကွက်လိုအပ်ချက်ကြောင့်လည်းကောင်း ၀ယ်ယူရန် ခက်ခဲလာသဖြင့် အနိမ့်ကားဈေးနှုန်းများဆက်တိုက် ကျဆင်း နိုင်သည်။ အနိမ့်ကားဈေးကွက်ကျဆင်းစေသည့်နည်းတူအပေါ်ကားဈေးကွက်မှာလည်း ဆီစားနှုန်း
မြင့်မားသဖြင့်ဝယ်ယူ သူများအဖို့ ၁,၃၀၀ ccအင်ဂျင်ပါဝါရှိသည့် ကားများနှင့်နှိုင်းယှဉ်ပါကဈေးနှုန်းသက်သာခြင်း၊ ဆီစားသက်သာ ခြင်းတို့သည်အပေါ်ကားဈေးနှုန်းအေးစက်ခဲ့ခြင်း၏ အဓိကအချက်ဖြစ်လာကြောင်းဈေး
ကွက်သုံးသပ်ချက်များအရ သိရသည်။   
Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။