BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဧပြီလအတွင်း ဖို့ဒ်မတ်စတန်၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပမည်

News Image: 

နာမည်ကြီး ဖို့ဒ်ကားထုတ်လုပ်ရေးမှ ဖို့ဒ်မတ်စတန်  နှစ် ၅၀ ပြည့် 

နှစ် ပတ်လည်အခမ်းအနားကို လာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ် ၅၀ ပြည့် နှစ်ပတ်လည် အခမ်းအနားပွဲကို ဖို့ဒ်ကားထုတ်လုပ် ရေးနှင့် အမေရိကမတ်စတန်ကလပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နယူး ယော့စ်မြို့၏ ကမ္ဘာတစ်လွှားတွင် အ မြင့်ဆုံးနေရာတစ်ခုဖြစ်သည့် အင်ပါ ယာ စတိတ်စ် အဆောက်အအုံတွင် ကျင်းပသွားမည်ဖြစ်သည်။
အင်ဂျင်နီယာများ၏ ပြော ကြားချက်အရ နယူးယော့စ်မြို့၊ အင် ပါယာစတိတ်အဆောက်အအုံ၏ ၈၆ ထပ်အမြင့်တွင် ခင်းကျင်းပြသရာမှာ  အကောင်းဆုံးမော်ဒယ်လ်ကားအမျိုး အစားများကို စုစည်းဖို့ အနည်းဆုံး ၆ နာရီကြာမြင့်မည်ဟု မျှော်လင့်ရပြီး ဒီလိုထူးခြားရဲရင့်တဲ့အပြုအမူကို ပြု လုပ်တာဟာ မော်ကွန်းတင်လောက် အောင် စွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း ဖို့ဒ်ကား တွဲဖက်ထုတ်လုပ်ရေးဖြစ် သည့် FoMoCo မှ  ဆိုသည်။
၂၀၁၅ ဖို့ဒ်မတ်စတန်တွင် တာ ဘိုချာဂျာ ဆလင်ဒါလေးလုံးတပ် V6  နဲ့ V8 အင်ဂျင်တို့ ပါဝင်မည့်အပြင်  ပလက်ဖောင်းအသစ်၊  စွမ်းရည် ပြည့်အင်ဂျင်အသစ်များနဲ့  တွေ့ရှိရ မည်ဖြစ်ပြီး တာဘိုဆလင်ဒါလေးလုံး မှာ V8 အင်ဂျင်အတွက် သီးခြားပေးထားခြင်းဖြစ်ပြီး V6 အင်ဂျင်တွင် ပါဝင်ခြင်းမရှိပေ။
၂ ဒဿမ ၃ လီတာဆံ့ ဆလင် ဒါလေးလုံးတပ် GDTI EcoBoot အင်ဂျင် က တစ်မိနစ်  အင်ဂျင်လည် နှုန်း ၂ç၀၀၀ rpm မှာ ၄၀၇  နာနိုမီ တာနဲ့ တစ်မိနစ် အင်ဂျင်လည်နှုန်း ၅ç၅၀၀ rpm လျှင် ၂၂၇ ကီလိုဝပ် ထွက်ရှိမည် ဖြစ်သည်။
ဖို့ဒ်၏ ၅ ဒဿမ ၀  လီတာရှိ  V8 အင်ဂျင်ကတော့ တစ်မိနစ်အင် ဂျင်လည်နှုန်း ၄ç၂၅၀ rpm လျှင် ၅၂၉ နာနိုမီတာနဲ့ အမြင့်ဆုံးအင်ဂျင်လည် နှုန်း ၆ç၅၀၀ rpm လျှင် ၃၁၃ ကီလို ၀ပ် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ဖို့ဒ်မတ်စတန်ကို လာမည့် ၂၀၁၅ ခုနှစ်အတွင်း သြစတေးလျ နိုင်ငံသို့ စတင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။          

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။