BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

လာမည့် ၂၀၁၅ တွင် အော်ဒီ၏ဒုတိယမျိုးဆက်သစ် 2016 Audi Q7 ကို ပွဲထုတ်ပြသမည်

News Image: 

အော်ဒီ၏ ဒုတိယမျိုးဆက်ဖြစ် လာမည့် 2016 Audi Q7သည် လာ မည့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရ သည်။
ထုတ်လုပ်ရေး၏ ပြောကြား ချက်အရ အဓိကပြိုင်ဘက်ဖြစ်သည့် ဘီအမ်ဒဗလျူမှ ထွက်ရှိခဲ့သည့် BMW X5 ကို ၀ယ်ယူသုံးစွဲသူများ လက်ခံသလို မကြာမီထွက်ရှိလာမည့် 2016 Audi Q7ကိုလည်း သုံးစွဲသူ များ ကျေနပ်လက်ခံနိုင်လောက် သည့်  နည်းပညာမြင့်ပြုပြင်မွမ်းမံမှုများဖြင့် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရ သည်။
Car and Driver ၏ အဆိုအ ရ မကြာမီထွက်ရှိလာမည့် 2016 Audi Q7 မှာ ကမ္ဘာကျော်နာမည်ကြီှးSUV ကားများကဲ့သို့ အင်ဂျင်သစ်၊ နောက်ဆုံးပေါ်နည်းပညာသစ်များ ပါ ၀င်လာမည့်အပြင်MLB၏ ဒုတိယ မျိုးဆက်ဖြစ်သည့် MLB Evo ပလက် ဖောင်းဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ အရင်က ထွက်ရှိပြီးခဲ့သည့် မော်ဒယ်လ်များထက် အလေးချိန် ပိုလျှော့ သွားမည်ဖြစ်ပြီး ပိုပြီး လျင်မြန်ပေါ့ ပါးမှုကို ရရှိမည်ဖြစ်ပြီး ဟိုက်ဘရစ် ကားများကဲ့သို့ 'Green' ဗားရှင်းကို ရရှိမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က အိန္ဒိ ယနှင့် စလစ်ဘာလ်းကီယာတို့တွင် ထွက်ရှိခဲ့သည့် Audi Q7 မှာ တံခါး ငါးပေါကှ်SUVကိုယ်ထည်၊ ဒေါင် လိုက်ရှေ့အင်ဂျင်နှင့် all-wheel drive စနစ်သုံး ဒီဇိုင်းဖြစ်ပြီး အင်ဂျင် စက်စွမ်းရည်မှာ 3.0 L ၊ 4.2 L နှင့် 6.0 L ဒီဇယ် နှင့်4.2 L ၊ 3.6 L နှင့် 3.0 L ဓာတ်ဆီအင်ဂျင်တို့  ဖြစ် ကြောင်း သိရသည်။
 

 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။