BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အမေရိကန် ဒေါ်လာ ၈၀၀၀၀ ကျော်ဖိုး အကြွေးရှိနေလို့ ရှောင်ကင်စတန်ရဲ့ဘန်တလေ အသိမ်းခံရ

အဆိုတော် ရှောင်ကင်စတန်ရဲ့ ဘန်တလေကားဟာ 

ကြေွးကျန်ရှိနေတာကြောင့် ကရိန်းကား က သိမ်းဆည်းသွားခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ ညပိုင်းက ရှောင်ကင်စတန်ရဲ့ ကားဟာ ဟောလိဝုဒ် အနောက်ပိုင်းရပ်ကွက် က မွန်ဒရီယန်ဟိုတယ်ရှေ့မှာ ရပ်နားထားတာ ဖြစ် ပြီး ဟိုတယ်စောင့်ဝန်ထမ်းက ကင်စတန်ရဲ့ကားကို ဟိုတယ်ရှေ့မှာပဲ ရပ်နားထားစေခဲ့ပါတယ်။ဒါဟာ နာမည်ကြီး ပုဂ္ဂိုလ်တွေအတွက် ဟိုတယ်တွေ ထုံးစံ အတိုင်း ပေးနေကျဝန်ဆောင်မှုမျိုးပါပဲ။ ကားရပ် ထားပြီး သိပ်မကြာခင်မှာပဲ ကားကို ကရိန်းထရပ် တစ်စီးက ဆွဲသယ်သွားတာ ဖြစ်ပါတယ်။ ဒါ ပေမယ့် လမ်းကကျဉ်းတာမို့ အချိန်အနည်းငယ် တော့ ကြန့်ကြာသွားတာပေါ့။
အဲဒီအချိန်မှာ  တစ်စုံတစ်ယောက်က သတိ ပေး ပြောဆိုလိုက်တာမို့ ရှောင်ကင်စတန်ကလည်း ချက်ချင်း သိရှိသွားပြီး ကားသယ်တဲ့နေရာမှာတင် ကရိန်းယာဉ်က လူတစ်ဦးနဲ့ အချင်းများကြပါတယ်။
ရှောင်က ဘားဆိုင်တစ်ခုက ကြွေးကျန်ကို လာမရှင်းတာ ၃ လ ရှိသွားပြီမို့လို့ ကားကို အခုလို သိမ်းတာဖြစ်တယ်လို့ ကရိန်းယာဉ်ဘက်က လူက ပြောပါတယ်။  ရှောင်ကလည်း  သူ့အနေနဲ့ကြွေးကျန်ပေးပြီးပြီလို့ အော်ဟစ်ပြောဆိုခဲ့တယ်။ စကားများ ရန်ဖြစ်ခဲ့ကြတာကြောင့် ရဲတွေရောက် လာပါတယ်။ ချက်ချင်း ဖျန်ဖြေလိုက်နိုင်ပြီး ရဲက ဘယ်သူ့ကိုမှ အဖမ်းအဆီးမလုပ်ခဲ့ပါဘူး။ အသိမ်းခံ ရတဲ့ ကားက ဘန်တလေမာလ်ဆန်နီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒိုမီနီကန်ရီပတ်ဘလစ်က ဘားတစ်ခုမှာ ရှောင်က  အမေရိကန်ဒေါ်လာ ၈ç၇၇၁ ကို ပေးဖို့ ကျန်ရှိနေတာနဲ့ ပတ်သက်ပြီး ဒေါ်လာသိန်းချီတန်တဲ့ ကားကို သိမ်းသွားတာဖြစ် တယ်လို့ သိရပါတယ်။                 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။