BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ပေါလ်ဝေါ်ကာ ပိုင်ဆိုင်ခဲ့သည့် ကားအစီး ၃၀ ခန့်ကို ၎င်းင်း၏အမည်မတပ်ဘဲ ရောင်းချမည်

ယမန်နှစ်ကုန်ပိုင်းတွင် ကွယ်လွန်ခဲ့သူ ဟောလိဝုဒ်မင်းသား ပေါလ်ဝေါ် ကာ Fast & Furious ကြယ်ပွင့် ) ပိုင်ဆိုင်ခဲ့သည့် ကားအစီးရေ ၃၀ ခန့်ကို လေလံတင် ရောင်းချသွားရန် ရှိနေပြီး ပေါလ်ဝေါ်ကာ ပိုင်ဆိုင်ခဲ့သောကားများ ဟူ၍ ခေါင်းစဉ်မတပ်ဘဲ ပုံမှန်အတိုင်း ရောင်းချသွားမည်ဟု သိရသည်။
TMZ သတင်းအရင်းအမြစ်၏ အဆိုအရ ပေါလ်ဝေါ်ကာတွင် Always Evolving အမည်ရှိ နိုင်ငံခြားဖြစ် တန်ဖိုးကြီးကားစုဆောင်းပြသရာ ဆိုင် တစ်ဆိုင်ရှိပြီး ထိုဆိုင်မှ ဘီအမ်ဒဗလျူ၊ အော်ဒီ အပါအ၀င် မြောက်မြားစွာ သော  မတ်စတန် မာဆယ်ကားများ၊ ပေါ်ရှေးကားများကို ရောင်းချမည်ဖြစ် သည်။
ကွယ်လွန်သူ မင်းသား၏ ဆန္ဒအတိုင်း ၎င်းင်း၏ အမည်ကြောင့် ဈေးပို ပေးဝယ်ယူခြင်းမရှိစေရန် ယခုကဲ့သို့  စီစဉ်ရောင်းချရခြင်း ဖြစ်သည်ဟု လေလံပွဲစီစဉ်သူအကျိုးဆောင်များက  ရှင်းပြသည်။
မကြာမီ ရုံတင်ပြသနိုင်ရန် စီစဉ်ထားသည့်Fast & Furious 7 တွင် ကွယ်လွန်သူ မင်းသား ပေါလ် ဝေါ်ကာ နေရာ၌ အစားထိုး သရုပ် ဆောင်နိုင်ရန် ၎င်းင်း၏ညီများဖြစ်သော ကိုဒီနှင့် ကေလက်ဘ်တို့ကို ရိုက်ကူး သူများက လျာထားပြီး ဖြစ်သည်ဟု သိရသည်။  ၎င်းင်းတို့ပါဝင်ရမည့် အခန်းများမှာ အသေအချာ မသိရသေးသော်လည်း  အချို့နေရာများတွင်  ပေါလ်ဝေါ်ကာ၏ အသံဖြင့် အစားထိုးရန်၊ ၎င်းင်း၏လှုပ်ရှားမှု ပုံရိပ်များကို အသုံးပြုရန် ရှိသည်ဟု ယူနီဗာဆယ် စတူဒီယိုက ပြောသည်။                       

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။