BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ငွေကြေးပြတ်လပ်သွား၍ တရုတ်နှင့် ဖက်စပ်ဆွီဒင်ကား Saab 9-3 ထုတ်လုပ်မှုကို တစ်လ ရပ်ဆိုင်းလိုက်ရ

News Image: 

ဆွီဒင်၏ နာမည်ကျော် တရိုးလ်ဟက်တန်းကားထုတ်လုပ်ရေး

လုပ် ငန်းများအတွင်းရှိ NEVS ကုမ္ပဏီ မှ ထုတ်လုပ်နေသောSaab 9-3 ကို ရက်သတ္တ ၄ ပတ်ကျော် ရပ်ဆိုင်းထား လိုက်ရပြီဖြစ်ကြောင်း မေလ ၂၁ ရက် နေ့မှစတင်၍ ဇွန်လ တတိယပတ်ကုန် အထိ ဖြစ်နိုင်ဖွယ်ရှိကြောင်း အင်တာ နက်သတင်းများအရ သိရှိရသည်။
တရုတ်ကုမ္ပဏီQuingbo မှ ရှယ်ယာ ၂၂ ရာခိုင်နှုန်းဖြင့် ဖက်စပ် ၍ ထရိုးလ်ဟက်တန်နှင့် ပူးတွဲလုပ် ကိုင်နေသောNEVS ကုမ္ပဏီမှာ ဒေ ၀ါလီ တစ်ကြိမ်ခံခဲ့ရဖူးပြီး ယမန်နှစ် ကမှ ထုတ်လုပ်မှု ပြန်စတင်ခဲ့ကြောင်း လောလောဆယ်၌ ပစ္စည်းတင်သွင်း သူများကို ပေးချေရန် အရံရန်ပုံငွေ ကြေး ပြတ်တောက်သွား၍Saab 9-3 ထုတ်လုပ်မှုကို တစ်လရပ်ဆိုင်း ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ် မီခေးလ် အော့စ်လွန်းဒ်က ထုတ်ဖော်ပြောကြား  ခဲ့သည်။ NEVS ရှေ့ဆက်လုပ်ရန် ဘဏ္ဍာငွေလိုအပ်ချိန်၌ စာချုပ်များအ ရ တာဝန်ယူရမည့် NEVS ကုမ္ပ ဏီမှ ပျက်ကွက်ခြင်းဖြစ်ပြီး ယာယီ ထုတ်လုပ်မှုကို ရပ်ဆိုင်း၍ ၀န်ထမ်း လျှော့ချရတော့မည်ဟု ကြေညာချက် ၌ ဖော်ပြပါရှိသည်။
NEVS ၏Saab လျှပ်စစ် ကားများကို အမှာစာ ၂၀၀ ခန့်ရှိနေ ပြီး တစ်နေ့အနည်းဆုံး ၆ စီးတပ် ဆင်ထုပ်လုပ်နေသည်။ ရှင်ဒေါင်းပြည် နယ်မြို့တော် အခြေစိုက် ကားစက်ရုံ ၏ အဓိက ဈေးကွက်မှာလည်းQui-ngbo မြို့နှင့် အခြားတရုတ်မြို့ကြီး များဖြစ်ကြသည်။ ၂ လီတာ၊ ၂၂၀ hp ဓာတ်ဆီတာဘိုအင်ဂျင်တပ် Saab ကားများကို ထုတ်လုပ်နေဆဲဖြစ်ပြီး ယခင် ၂၀hp Saab ကားများထုတ် လုပ်စဉ်က ဒေ၀ါလီခံခဲ့ရသည်။ ယခု တဖန်Saab 9-3 ကားများအတွက် တရုတ်ပြည်တွင်းဈေးကွက် အမှာစာ တိုးတက်လာချိန်တွင် ငွေကြေးပြတ် လက်သွားခြင်းဖြစ်ပြီး ဘဏ်များမှ ထပ်မံထုတ်မချေးတော့ပေ။ ဆွီဒင်နိုင် ငံအတွင်း တပ်ဆင်ထုတ်လုပ်နေသော ထရိုးလ်အက်တန်Saab ကားများက တော့ ဥရောပဈေးကွက်၌ရော၊ ဆွီဒင် ပြည်နယ်တွင်း၌ပါ ရောင်းအားအသင့် အတင့်ရှိဆဲဖြစ်သည်။
NEVSကုမ္ပဏီအနေဖြင့် မို ဒယ်သစ်များ ထုတ်လုပ်ရေးမြှင့်တင် နိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော လုပ်ဖော်ကိုင်ဖက်သစ်များ ထပ်မံရှာ ဖွေရတော့မည်ဖြစ်သည်။ ပစ္စည်းတင် သွင်းသူများကို တချို့တ၀က်ငွေပေး ချေပြီးလျှင် ထုတ်လုပ်မှု ပြန်စတင် မည်ဖြစ်ပြီး လက်ရှိရထားပြီး အမှာ စာများကြောင့် တစ်လထက်ပိုကြာ မြင့်ဖွယ်မရှိကြောင်း ကုမ္ပဏီ၏ကြေ ညာချက်၌ ဖော်ပြပါရှိသည်။    ခိုင်သက်

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။