BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဥရောပနိုင်ငံများတွင် မောင်းသူမဲ့ကားများ အသုံးပြုနိုင်ရန်အတွက် ဥပဒေများ ပြောင်းလဲ၍ လမ်းဖွင့်ပေး

News Image: 

ကမ္ဘာ့ကားထုတ်လုပ်ရေး လုပ်  ငန်းစုကြီးများသည် မကြာမီအချိန် အတွင်း ဈေးကွက်ထဲသို့ ပထမဆုံး မောင်းသူမဲ့ကားများကို ချပြနိုင်ရန်  အပြိုင်အဆိုင် ကြိုးပမ်းနေကြရာတွင်  ၎င်းင်းတို့၏ ကြိုးပမ်းမှုကို ထိရောက်စွာ အကျိုးသက်ရောက်မှု ပြုနိုင်ရန်အတွက်  ပြင်သစ်၊ အီတလီနှင့် ဂျာမနီနိုင်ငံ တို့မှ ကုလသမဂ္ဂညီလာခံတွင် ယာဉ် သွားလမ်းမပေါ်ရှိ မောင်းနှင်အသုံးပြု နိုင်သော အခြေအနေရှိသည့် မော် တော်ယာဉ်များနှင့် ပတ်သက်သည့် ဥပဒေများကို  အနည်းငယ်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လိုက်ကြောင်း သိရှိရသည်။
ဥပဒေ ပြင်ဆင်ချက်များကို လွန်ခဲ့သည့်လက သဘောတူဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆုံးဖြတ်စဉ်အ တွင်း ကုလသမဂ္ဂအဝေးပြေးလမ်း လုံ ခြုံရေးအလုပ်သမားပါတီမှ ဗျူရိုကရေ စီ အတားအဆီး အဟန့်အတားအားလုံး ကို သေချာပြတ်သားစွာ ဆောင်ရွက် စေခဲ့ပြီး ခြွင်းချက်တစ်ခုအဖြစ် တ ရုတ်နိုင်ငံမှအပ ညီလာခံအတွင်းရှိ နိုင်ငံပေါင်း ၇၂ နိုင်ငံမှ သဘောတူ လက်ခံခဲ့ကြောင်း သိရသည်။
 မောင်းသူမဲ့ကားများနှင့် ပတ် သက်၍ ပြင်သစ်၊ အီတလီနှင့် ဂျာမနီ နိုင်ငံများသည် ဥပေဒေ ပြင်ဆင်ချက် များနှင့် ပတ်သက်၍ အခက်အခဲနှင့် အကျပ်ရိုက်မှုများဖြစ်ပေါ်စေခဲ့ပြီး အ ပြင်းအထန် ပြိုင်ပွဲဝင်ခဲ့ရသော်လည်း ယနေ့အချိန်တွင် ယာဉ်မောင်းသူများ ကို  ၎င်းင်းတို့၏ လက်တွင်းသို့ မောင်း သူမဲ့ကားများကို ယူဆောင်မောင်းနှင် ရန် သဘောတူခွင့်ပြုလိုက်ပြီဖြစ်သည်။
]]အခုကစပြီး ကျွန်တော့်လက် ထဲကို မောင်းသူမဲ့ကားတွေကို အ ကန့်အသတ် အတိုင်းအတာ မရှိဘဲ ရောက်လာဖို့ ခွင့်ပြုလိုက်ပါပြီ။ ဒီလို ဥပဒေတွေကို ပြောင်းလဲမှုပြုလုပ်ပေး ခဲ့တာကိုလည်း အထူးပဲကျေးဇူးတင်မိ ပါတယ်}}ဟု ဒိန်မလာ၏ သုသေတန အဖွဲ့ခေါင်းဆောင်နှင့် မာစီးဒီးစ်-ဘင့် ၏ တီထွင်ထုတ်လုပ်မှု အဖွဲ့ခေါင်း ဆောင်ဖြစ်သူ  သောမတ်စ်ဝီဘာမှ ပြောကြားသည်။
လာမည့်နှစ်အနည်းငယ် အ တွင်း  မောင်းသူမဲ့ကားများနှင့် ပတ် သက်၍ ကားထုတ်လုပ်ရေးကုမ္ပဏီ များသည် နည်းပညာပိုင်းဆိုင်ရာများ တွင် အခက်အခဲများ ဖြစ်ပေါ်နေဦး မည်ဖြစ်ပြီး  အမေရိကန်ရှိ ရှေ့ဆောင် တီထွင်ရေးကောလိပ်မှ ၎င်းင်းတို့၏ကွန် ပျူတာသုံးစွဲခြင်း စွမ်းရည်သည် ဂူး ဂဲလ်၏ ထင်ရှားသည့် ခြွင်းချက်နှင့်  တွက်ချက်ရရှိသည့်  အလားအလာ ကောင်းသော စီမံကိန်းများထက် ပိုမို သာလွန်ကောင်းမွန်ကြောင်း  ဖော် ထုတ်ပြသရန် ရည်ရွယ်နေကြောင်း သိရသည်။
ယနေ့အချိန်တွင် ကားထုတ် လုပ်ရေးများသည် ၎င်းင်းတို့၏သုသေ တနနှင့် တီထွင်ထုတ်လုပ်မှုများတွင်  ပိုမိုကောင်းမွန်သည့်နည်းပညာများကို ယူဆောင်နိုင်ရန် ကြိုးစားနေကြသည့် အထဲ ဒိန်မလာနှင့် နစ်ဆန်းတို့မှ လည်း ဆယ်စုနှစ်တစ်စု၏ အဆုံး သတ်တွင် စိတ်မှန်းဖြင့် အနာဂတ်ဖြစ် နိုင်ခြေရွေးချယ်ပိုင်ခွင့်များကို လက် ခံယူဆောင်နိုင်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောကြားသည်။        

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။