BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မာဆယ်ကားတွေ ကြိုက်တဲ့ ကလင့်အိစ်ဝုဒ် ဖိယတ်ကားပဲ မောင်းတော့မယ်

မင်းသားကြီး ကလင့်အိစ်ဝုဒ်ဟာ လမ်ဘော်ဂီနီကလွဲရင် ကမ္ဘာပေါ်မှာ ဘယ်ကားကိုမဆိုဝယ်ဖို့တတ်နိုင်သူပါ။ ဒါပေမယ့် လမ်ဘော်ဂီနီကိုတော့ ဖယ် ထားလိုက်ပါ။ သူ့အကြိုက်မဟုတ်လို့ပါပဲ။ အီတလီနိုင်ငံထုတ်ကားတွေထဲမှာ ဖိယတ်အမှတ်တံဆိပ်ကို အကြိုက်ဆုံးလို့ သူက ပြောပြလိုက်ပါတယ်။
ဟောလိဝုဒ်ရဲ့  တက်သစ်စ ကြယ်ပွင့်တွေတောင် ကားပေါက်စနလေး တွေ ၀ယ်မစီးကြပါဘူး။ အထင်ကရ ကြယ်ပွင့်ကြီးကတော့ ကားသေးသေး လေးတွေကိုမှ  စိတ်ဝင်စားပါတယ်တဲ့။ မေ ၂၂ ရက်နေ့မှာ ဗင်းနစ်စ်မြို့က ရိုက်ကွင်းတစ်ခုကို တံခါးနှစ်ပေါက်ဖိယတ် 500e  ကားလေးနဲ့ ရောက်လာ ပါတယ်။ အဲဒီကားက လျှပ်စစ်ကားအမျိုးအစားပါ။ အမေရိကန် ဒေါ်လာ ၃၀ç၀၀၀ ၀န်းကျင်သာ ရှိပါတယ်။
အသက်ကြီးလာမှMillion Dollar Baby  ဇာတ်ကားနဲ့ စန်းပြန်ထ လာတဲ့ ကလင့်အိစ်ဝုဒ်က ဖို့ဒ်တူရီနိုမာဆယ်ကားလေးကို အဓိကဇာတ် အိမ်တည်ထားတဲ့ဇာတ်ကားကို ၂၀၀၈ ခုနှစ်မှာ ကိုယ်တိုင်ရိုက်ကူး၊ ကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါသေးတယ်။
တကယ်တော့ ကလင့်အိစ်ဝုဒ်ကို  ကားသေးလေးတွေနဲ့ မြင်ရခဲပါတယ်။သူ့ရဲ့ ရုပ်ရှင်တွေမှာ ဂျာဂွါကားဟောင်းတွေ၊ မာဆယ်ကားတွေ ထည်လဲ သုံး ခဲ့တာပါ။ အသက်ကြီးလာလို့ စိတ်ပြောင်းသွားတာဖြစ်နိုင်တယ်လို့ သတင်း တွေမှာ ဖော်ပြကြပါတယ်။
ကလင့်အိစ်ဝုဒ် လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်က  American Sniper ဖြစ်ပါတယ်။ ဘရက်ဒလေကူးပါးနဲ့စီယင်နာမေလာတို့ အဓိကပါဝင် သရုပ် ဆောင်ထားတယ်လို့သိရပါတယ်။                   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။