BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ယူကရိန်းနယ်စပ် ဖြတ်ဝင်မည့် ရုရှားယာဉ်တန်းကို စစ်ဆေးခွင့် ပြုမပြုကိစ္စ အကျပ်အတည်းတွေ့နေရ

သူပုန်များ ထိန်းချုပ်ထားသော ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမြို့များသို့ ပေးပို့မည့် 

အကူအညီပစ္စည်းများကို သယ်ဆောင်ထားသော အငြင်းပွား ဖွယ်ရာ ရုရှားယာဉ်တန်းသည် ၀င်ခွင့် ရရန်အတွက် ယူကရိန်းနယ်စပ်တွင် စောင့်ဆိုင်းနေဆဲပင်ဖြစ်သည်။ အဆို ပါလမ်းကြောင်းအတွက် ကမ္ဘာ့ကြက် ခြေနီအဖွဲ့မှ အရာရှိများကလည်း ယူ ကရိန်းမြို့တော် ကိယက်ဗ်တွင် ဆွေး နွေးနေကြသည်။
သူပုန်များအတွက် စစ်လက် နက်ပစ္စည်း အကူအညီများဖြစ်နေမည် ကိုစိုးထိတ်နေသော ယူကရိန်းက ထို ပစ္စည်းများကို လွတ်လပ်စွာ  စစ်ဆေး သင့်သည်ဟု ဆိုသည်။
ကြာသာပတေးနေ့က ဒိုးနက်စ် နှင့်လူဟန့်က်စ်မြို့များပေါ်သို့ ဗုံးများ အပြင်းအထန် ကြဲခဲ့ပြီး သူပုန်များအ တွက် အခက်အခဲများကြုံခဲ့ရသည်။ ဒိုးနက်စ်ရှိသူပုန်စစ်ခေါင်းဆောင် အီ ဂေါ်ဂါကင် နှုတ်ထွက်သွားပြီ ဖြစ် ကြောင်းလည်း သူပုန်များက ကြေညာ ခဲ့သည်။
အနည်းဆုံး လော်ရီကား ၂၆၀ စင်းပါသော ထိုယာဉ်တန်းသည် ကိုး နာရီကြာ မောင်းနှင်ခဲ့ပြီးနောက် နယ် စပ်ရှိကွင်းပြင်တွင် ရပ်နားထားသည်။ သူပုန်များကို ထောက်ပံ့မည့်စစ်လက် နက်များပါသည်ဆိုသည်ကို ရုရှားက အခြေအမြစ်မရှိဟု ပယ်ချထားသော် လည်း ယူကရိန်းက နိုင်ငံတကာစောင့် ကြည့်သူများမှ စစ်ဆေးပေးရန်တောင်း ဆိုထားသည်။ စစ်ဆေးနိုင်ခြင်းမရှိခဲ့ လျှင် ထိုယာဉ်တန်းကို အစွမ်းကုန်တား ဆီးမည်ဟု ယူကရိန်းအမျိုးသားလုံခြုံ ရေးနှင့် ကာကွယ်ရေးကောင်စီ၏ပြော ခွင့်ရ ပုဂ္ဂိုလ် အင်ဒရီလစ်ဆန်ကိုက ပြောကြားခဲ့သည်။ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့မှအရာရှိ လောရန့်ကော်ဘာဇ်က ကြက်ခြေနီအဖွဲအနေဖြင့် လူသားချင်း စာနာထောက်ထားမှုကို အဓိကထား   ပြီး အကူအညီများ ပေးပို့ခြင်းကိစ္စကို နိုင်ငံရေးအသုံးချမှု မလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး ထိုယာဉ်တန်းနှင့် ဆွေး နွေးသွားမည်ဟု ပြောကြားခဲ့သည်။
ယာဉ်တန်းနှင့်အတူလိုက်ပါနေ သော ဘီဘီစီသတင်းထောက် စတိဗ် ရိုဇင်ဘတ်က အဓိကကိစ္စမှာ ရုရှား ဘက်က နောက်ထပ်ဘာလုပ်မည်ဆို သည်ပင်ဖြစ်ကြောင်း၊ယာဉ်တန်းကို နယ်စပ်မှဖြတ်ကျော်ခဲ့လျှင် ယူကရိန်း အာဏာပိုင်များမှ ရုရှား၏ချိုးဖောက် မှုဟု ရှုမြင်မည်ဖြစ်ကြောင်း သတင်း ပေးပို့ထားသည်။ ယူကရိန်းဘက်မှ လည်း လော်ရီကား ၇၅ စီးပါသော ယာဉ်တန်းကို ပို့ဆောင်ရန်စီစဉ်နေပြီး  အမေရိကန်ပြည်ထောင်စုက ရုရှားကို နောက်ထပ်သတိပေးချက်တစ်ခုထုတ် ပြန်ထားကြောင်း သိရသည်။  

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။