BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရဲကင်းလှည့်ကားသဖွယ် ပြုလုပ်ထားသော Maserati ကားကို ရဲတပ်ဖွဲ့က သံသယဖြစ်ကာ စစ်ဆေး

ယခုနှစ် သြဂုတ်လအစောပိုင်းက

အဲရစ်ကလက် ဖော်ပြထားသော ဓာတ်ပုံတွင် မက်ဆာချူးဆက်ပြည် နယ်၊ ကွင်စီရှိ ကမ်းခြေတစ်လျှောက် တွင် ရပ်နားထားသော ရဲကင်းလှည့် ကားနှင့်ဆင်တူသည့် Maserati ကား တစ်စီး၏ပုံ ပါရှိခဲ့သည်။ ဒရိုင်ဘာ၏ အမည်ကို အများပြည်သူသို့ ထုတ် ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ ထိုဒရိုင် ဘာက သူသည် ရဲတပ်ဖွဲ့ကို ကူညီနေ ခြင်းသာဖြစ်ကြောင်း သူ့ကားကို တွေ့ ရှိသည့် အခြားယာဉ်မောင်းများက ရဲတပ်ဖွဲ့ကားဟု ထင်မှတ်ကာ အရှိန် လျှော့ မောင်းနှင်ခဲ့ကြသည်ဟု သူ့ကို ရပ်တန့်စစ်ဆေးခဲ့သူ ရဲအရာရှိကိုပြော ကြားခဲ့သည်။ ထိုဒရိုင်ဘာကို တရားရုံး သို့ ဆင့်ခေါ်ထားပြီး ရဲအရာရှိအဖြစ် အယောင်ဆောင်မှုနှင့်တရားစွဲဆိုထား မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။
ရဲကင်းလှည့်ကားများမှာ များ သောအားဖြင့် င်္Ford နှင့် Chrysler ကားများသာဖြစ်ပြီး Maserati ကား များ မဟုတ်ကြချေ။ ထို့ကြောင့် ကင်း လှည့်ရဲအရာရှိက မက်ဆာချူးဆက် ပြည်နယ်၊ ဘရိန်းထရီးတွင် ရဲကင်း လှည့်ကားနှင့်  ပုံစံဆင်တူနေသောျြေနမအေင ကားကို ပြီးခဲ့သည့် စနေ၊  တနင်္ဂနွေက တွေ့ရှိခဲ့သဖြင့် ရပ်တန့် စေကာ စစ်ဆေးဖော်ထုတ်ခဲ့ခြင်းဖြစ် သည်။
ရဲတပ်ဖွဲ့အဆိုအရ  အဆိုပါ အီတလီဇိမ်ခံကား၏ ကိုယ်ထည်ကို ရဲတပ်ဖွဲ့ကားစတိုင် အနက်နှင့်အဖြူ ဆေးမှုတ်ထားပြီး ကားတံခါးများတွင် ရဲတပ်ဖွဲ့တံဆိပ် ဒိုင်းပုံစံများနှင့် ရဲ တပ်ဖွဲ့နှင့်သက်ဆိုင်သော ပုံများ၊ တံ ဆိပ်များကို ကပ်ထားခဲ့သည်။
ကားတံခါးပေါ်ရှိ ဒိုင်းပုံအနီး တွင် ရဲတပ်ဖွဲ့ဆောင်ပုဒ်ဖြစ်သည့် ]] ကာကွယ်မည်၊ထမ်းဆောင်မည်}} ဆို သော စာသားတွဲ၍မပါရှိသော်လည်း ]]လှည့်စားရုပ်ပုံဖြင့် အပြစ်ပေးမည်}} ဆိုသော စာသားများ ပါရှိသည်ကို တွေ့ရသည်ဟု ရဲအရာရှိ ဖော်စတာက ပြောကြားသည်။ ရဲတပ်ဖွဲ့ကို ကူညီ သည့် သဘော ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဒရိုင်ဘာကပြောခဲ့သော် လည်း ရဲအရာရှိအယောင်ဆောင်မှု ဖြင့် တရားစွဲဆိုခံရမည်ဖြစ်သည်။
 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။