BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အနောက်နိုင်ငံများမှ တင်သွင်းသောကားများကို ရုရှားက ပိတ်ပင်ရန် စီစဉ်

ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ (အီးယူ) နှင့် အမေရိကန်ပြည်ထောင် စုတို့မှ ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ လျှင် ရုရှားနိုင်ငံမှလည်း လက်တုံ့ ပြန်ဆောင်ရွက်မှုများကို ထပ်မံလုပ် ဆောင်နိုင်သည်ဟု ရုရှားနေ့စဉ်သ တင်းစာ ဗီဒိုမော့စတီက သတင်းပို့ ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် သူ၏အိမ်နီး ချင်း ယူကရိန်းနိုင်ငံနှင့် ပတ်သတ်ပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ လိပ်ခဲ တည်းလည်း အခြေအနေကိုကြုံတွေ့ နေရပြီး ရုရှား၏ ပိတ်ပင်တားမြစ်မှု အသစ်မှာ အဆိုပါ အနောက်နိုင်ငံများ မှ တင်သွင်းသောမော်တော်ကားများ ကို ပိတ်ပင်ခြင်း ဖြစ်လာနိုင်သည်။ အ မေရိကန်နှင့် အီးယူတို့က နိုင်ငံရေး ပြဿနာများတွင် ရုရှားမှ သွယ်ဝိုက် ပါဝင်နေသည်ဟုဆိုကာ ဘဏ္ဍာရေး နှင့် စွမ်းအင်ကဏ္ဍများအပါအ၀င် စီး ပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အ ဆက်အသွယ်ရှိသော ရုရှားနိုင်ငံသား များစွာကို နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။
အထက်ပါ  သတင်းစာတွင် ဖော်ပြချက်အရ ရုရှားနိုင်ငံတွင် ပထမနှစ်ဝက် ကားအသစ်ရောင်းချရ မှု၏ ၂၇ရာခိုင်နှုန်းသည် နိုင်ငံခြားမှ တင်သွင်းသော အိမ်စီးကားများဖြစ် ပြီး ထရပ်ကားများနှင့် ဘတ်စ်ကား များက ၄၆ နှင့် ၁၃ ရာခိုင်နှုန်းအသီး သီးရှိခဲ့သည်။ မော်တော်ကားတင်သွင်း မှုအားလုံး သို့မဟုတ် တစ်ချို့တစ်ဝက် ကို ရပ်ဆိုင်းကာ ပိတ်ဆို့ရန် အဆိုပြု ချက်ကို ဗလာဒီမာပူတင်ထံသို့ တင် ပြပြီးဖြစ်ကာ ဆုံးဖြတ်ချက်တစ်စုံတစ် ရာမသိရှိသေးဟု ဗီဒိုမော့စတီသတင်း စာက ထပ်လောင်း ပြောကြားခဲ့သည်။ အနောက်နိုင်ငံများက ရုရှားနိုင်ငံအ ပေါ် စီးပွားရေး ကန့်သတ်ချက်များ ပြုလုပ်ခဲ့မည်ဆိုပါက ရုရှားနိုင်ငံမှ လည်း တုံ့ပြန်မှုအဖြစ် ကန့်သတ်ချက် အသစ်များပြုလုပ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။
ရုရှားနိုင်ငံတွင်း အခြေစိုက်ကာ ကားထုတ်လုပ်ရေးများ လုပ်နေသောFord, Volkswagen, Renault ,Toyota နှင့်Hyundai တို့ကိုမူ ထို ပိတ်ပင်တားမြစ်မှုများက ထိခိုက်စေ မှာ မဟုတ်ဟုလည်း သတင်းစာက အလေးပေး ဖော်ပြခဲ့သည်။ လက်ရှိ အချိန်တွင် ရုရှားက အီးယူနိုင်ငံများ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ နှင့် နော်ဝေနိုင်ငံတို့မှ စိုက်ပျိုးရေး   ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ် ဆို့ထားပြီး ရုရှားအစိုးရအရာရှိကြီး များက မော်တော်ကားကဏ္ဍအပြင် လေယာဉ်နှင့် သင်္ဘောတည်ဆောက် ရေးလုပ်ငန်းများတွင်ပါ ကန့်သတ်မှု အသစ်များပြုလုပ်ရန် အသင့်ပြင်နေ ကြပြီဖြစ်သည်။                ကိုဇော်

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။