BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး ကားစစ်တမ်း ကောက်ယူရာ၌ ဂျပန်အမှတ်တံဆိပ် ထိပ်ဆုံးမှဦးဆောင်

မော်တော်ယာဉ် ရောင်းဝယ်သူ များ (၉၅) ရာခိုင်နှုန်းနှင့်

ချိတ်ဆက် ကာ အွန်လိုင်းအခြေပြု မော်တော် ယာဉ်ရောင်းဝယ်ရေး Website အဖြစ် လည်ပတ်နေသော Motor.com.mm မှ မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး ကားဟူ၍ စစ်တမ်းတစ်ခုကောက်ယူခဲ့ ရာ ထိပ်ဆုံးနံပါတ် (၁) နေရာတွင် ဂျပန်အမှတ်တံဆိပ် ကားများမှ ဦး ဆောင်နေကြောင်း သိရသည်။

အောက်တိုဘာ (၁၃) ရက်နေ့၌ ထုတ်ပြန်သော ၎င်းင်းစစ်တမ်းအရ ဂျပန်အမှတ်တံဆိပ်ထဲမှ Toyota  အမှတ်တံဆိပ်မှာ ဈေးကွက်ဝေစု (၅၃) ရာခိုင်နှုန်း ရရှိထားပြီး ထိပ်ဆုံး ၌ ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ ဈေးကွက်ဝေစု (၁၁) ရာခိုင်နှုန်းရရှိ သော Honda မှာ ဒုတိယ၊ (၈) ရာ ခိုင်နှုန်းဖြင့် Nissan ကတတိယနေရာ စသဖြင့် အစဉ်လိုက် ရပ်တည်ခဲ့ကာ ဂျပန်အမှတ်တံဆိပ်များ ဖြစ်ကြောင်း သိရသည်။

ဒီဇိုင်းဆန်းသစ်မှုနှင့်  အပို ပစ္စည်း အလွယ်တကူရရှိနိုင်စေခြင်း၊ ဘက်စုံအသုံးတည့်မှု၊ ဈေးနှုန်းသင့် တင့်မှုတို့ကြောင့် ကိုရီးယားကား အမှတ်တံဆိပ်ဖြစ်သည့် Hyundai  က ဈေးကွက်ဝေစု (၇) ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ထို့နောက် (၆) ရာခိုင်နှုန်းရရှိ သော Mitsubishi က ပÍ္စမနေရာ၌ လည်းကောင်း၊ Suzuki အမှတ်တံဆိပ် မှာ ဥရောပ၊ အမေရိကန်၊ တရုတ်နိုင်ငံ တို့မှ အမှတ်တံဆိပ်များပါဝင်သည့် အုပ်စုနှင့် ကိုရီးယားအမှတ်တံဆိပ်  KIA တို့နှင့်အတူ ဈေးကွက်ဝေစု (၃) ရာခိုင်နှုန်းစီရရှိပြီး ဆဋ္ဌမနေရာအား ပူးတွဲရရှိခဲ့ကြောင်းသိရသည်။

သတ္တမနေရာတွင် Mazda နှင့် Daihatsu တို့ကဈေးကွက်ဝေစု (၂) ရာခိုင်နှုန်းဖြင့် ပူးတွဲရရှိကာ Toyota ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ဇိမ်ခံ ကားကုမ္ပဏီ Lexus နှင့် လမ်းကြမ်း သွားကားများအား အဓိကထုတ်လုပ် သော Isuzuတို့က (၁) ရာခိုင်နှုန်းစီ ဖြင့် အဆင့်ရှစ်နေရာ၌ ပူးတွဲရပ်တည် နေကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ကားဈေးကွက် အတွင်းမှ (၈၅) ရာခိုင်နှုန်းမှာ ဂျပန် အမှတ်တံဆိပ်ကားများဖြစ်ကာ (၁၀) ရာခိုင်နှုန်းမှာ တောင်ကိုရီးယားထုတ် ကားများဖြစ်ပြီး ဥရောပနှင့် အမေရိ ကန်ထုတ် ကားအမှတ်တံဆိပ်များမှာ (၃) ရာခိုင်နှုန်း၊ တရုတ်နိုင်ငံထုတ် ကားအမှတ်တံဆိပ်များက (၂) ရာခိုင် နှုန်း အသီးသီးဖြစ်ကြောင်း သိရသည်။

အကြမ်းခံ၍ ကားအတွင်းပိုင်း ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံ၏ ပတ်ဝန်း ကျင်၊ ရေမြေရာသီဥတုနှင့် ကိုက်ညီ မှု၊ ယာဉ်အပိုပစ္စည်းအလွယ်တကူ ရရှိ နိုင်မှုတို့ကြောင့် မြန်မာနိုင်ငံကားဈေး ကွက်တွင်းမှ ဂျပန်အမှတ်တံဆိပ်ကား များအား ကြိုက်နှစ်သက်ကြကြောင်း  သိရသည်။   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။