BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဘာကိုရွေးမလဲ

News Image: 

2013 Hyundai Genesis Vs 2013 Audi A5 Coupe

Coupe လို့ခေါ်တဲ့ တံခါးနှစ်ပေါက်ပါ လျှောစောက်ကားတွေဟာ  မြန်မာနိုင်ငံမှာ ကွက်ပျောက်စာရင်း ၀င်ခဲ့ဖူးပါ တယ်။ အခုတော့ ကွက်ပျောက်တို့၊ လိုင်းပေါ်တို့ဆိုတာမျိုးမရှိတော့ပဲ နှစ်သက်ရာကိုမှာ စီးနေကြပါပြီ။ Coupe ကားလေးတွေဟာ သူတို့နိုင်ငံမှာလည်း ဈေးကွက်က အတောင်းဆိုဆုံးဆိုတဲ့ စာရင်းမှာ ထိပ်ဆုံးက ရှိမနေကြတဲ့  ကားအမျိုးအစားပါ။ ဒါပေမယ့် Coupe ကားသစ်လေးတွေကို လမ်းပေါ်မှာ မြင်တွေ့နေရဆဲဆိုတော့လည်း  ဈေး ကွက်ရှိတယ်လို့ ပြောရမှာပေါ့။ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့အရှေ့ခြမ်းက Hyundai Genesis နဲ့ ကမ္ဘာ့အနောက်ခြမ်း က Audi A5 Coupe နှစ်စီးကို  နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။

2013 Hyundai Genesis

၂၀၁၃ မော်ဒယ်လ် Genesis  ကားတွေမှာ ဇိမ်ခံကား အင်ဂျင်မျိုးပါရှိတယ်။ ကားဘော်ဒီစတိုင်လ်ကို  မသိမသာ လေး ပြောင်းထားတယ်။ အထူးသဖြင့် ကားခေါင်းပိုင်း ရှဲလ်တွေပေါ့။ ကားအတွင်းခန်း ဖြည့်စွက်ချက်တွေ ပိုလာ သတဲ့။ရှေ့မီးကြီးနဲ့ နောက်မီးခွက်တွေ  ဆန်းပြားလာတယ်။ တကယ့်သတင်းကောင်းကတော့ စက်ဖုံးအောက်မှာ ပါတဲ့။ ဘရိတ်ကိုလွှတ်လိုက်ရင်တော့ လီဗာတင်စရာမလိုပဲ  ကားက လှစ်လှစ်ပြေးနေပါပြီ။ Genesis လေးနဲ့ ယှဉ် ပြိုင်လို့ရမယ့်  အာရှကားရော၊ ဥရောပကားရော  အမြောက်အမြား ရှိနေပါတယ်။ ၂၀၁၃ မော်ဒယ်လ်မှာပဲ မတူတဲ့  ဒီဇိုင်း ခြောက်မျိုးထဲက  နှစ်သက်ရာ  ရွေးချယ်နိုင်တယ်။

အင်ဂျင်ပါဝါ - Genesis 20. T R-Spec  က နှစ်လီတာဆံ့ V4 အင်ဂျင်နဲ့ဖြစ်ပြီး  အင်ဂျင်ရုန်းအား၂၇၅ lb-ft မှာ  မြင်းကောင်ရေ ၂၇၄ ကောင် ထွက်ရှိပါတယ်။ မြင်းကောင်ရေထွက်ရှိနှုန်းက ယခင်မော်ဒယ်လ်တွေထက် ၃၀ ရာခိုင်နှုန်းပိုလာတယ်လို့ ဆိုပါတယ်။ ၁၈ လက်မဆိုဒ် အလွိုင်းဘီးတွေကို သုံးထားတယ်။

မြန်နှုန်း - ရိုးရိုး (မန်နျူရယ်) ဂီယာခြောက်ချက်နဲ့ နောက်ယက်ကား Genesis က စတင် စက်နှိုးချိန်ကနေတစ်နာရီ မိုင် ၆၀ နှုန်းကိုရောက်ဖို့ ကြာမြင့်ချိန် က ၅ ဒသမ ၃ စက္ကန့်ပါ။ မြို့တွင်းဆီတစ်ဂါလန် ၂၁ မိုင်နှုန်းနဲ့ မြို့ပြင်(ခရီးဝေး) ဆီတစ်ဂါလန် မိုင် ၃၀ နှုန်းဖြစ်ပါတယ်။ ဆီတိုင်ကီက ၁၇ ဒသမ ၂ ဂါလန် ၀င်ဆံ့ပါတယ်။

ဈေးနှုန်း - 2013 Genesis Coupe ရဲ့ Retailed Price က အမေရိကန်ဒေါ်လာ ၂၄,၂၅၀- ၃၄,၂၅၀ ကြား ဖြစ်ပါတယ်။

ရာဇ၀င် - ယခင်မော်ဒယ်လ်တွေမှာ ြနညန်င် အတွင်းခန်းထိုင်ခုံကို မကြိုက်ခဲ့တဲ့သူတွေအတွက် လည်သာသားရေ ခင်း၊ ဗိုင်းနေးလ်သားရေခင်းစသည်ဖြင့် ရွေးချယ်ခွင့်ပေးထားတယ်။ အော်တိုဂီယာရှစ်ချက်ကို ပရီမီယမ်စတိုင်လ် မှာ ရနိုင်ပါတယ်။ ကားနောက်ခန်းမှာ ကလေးတွေ လိုက်ပါနိုင်တယ်။ ဒါမှမဟုတ် ပစ္စည်းတွေလည်း တင်ဆောင်နိုင် မယ်။ နှစ်မျိုးလုံးတော့ မဖြစ်နိုင်ဘူး။ တာဘိုအင်ဂျင်နဲ့ဆိုပေမယ့် စက်သံညင်သာတယ်။ အော်တိုရော၊ မန်နျူရယ်ဂီ ယာနှစ်မျိုးစလုံးမှာ စက်စွမ်းအား ပိုမိုကောင်းမွန်လာတယ်လို့ ဆိုတယ်။

 

အားသာချက် - ထိုင်ခုံခင်းတွေ အရည်အသွေး ပိုကောင်းလာတယ်။ ကားနောက်ခန်းထိုင်ခုံကို ခေါက်လိုက်ရင် ပစ္စည်းတင်ဖို့ အသုံးတည့်မယ့် ၁၀ ကုဗပေအကျယ် ရပါမယ်။ ဇိမ်ခံကားပုံစံ ပြိုင်ကားကို ဈေးသက်သက်သာသာနဲ့ ၀ယ်စီးနိုင်တယ်။ နှစ်သက်ရာ ဖျော်ဖြေရေးကဏ္ဍကို နားဆင်နိုင်မယ့် ဂြိုဟ်တုရေဒီယိုစနစ် ပါရှိတယ်။ နှစ်လီတာဆံ့ အင်ဂျင်ဆိုပေမယ့် စက်စွမ်းအား ပိုကောင်းလာတယ်။ ကားနောက်ပိုင်းမှာ LED မီးတန်းနဲ့မီးခွက်ဒီဇိုင်းက ဆန်း ပြားတယ်။

အားနည်းချက် - နိမ့်နိမ့်ဝပ်ဝပ် Coupe ကားလေးမို့ အရပ်ခြောက်ပေကျော်တဲ့သူတွေ ကားမောင်းရင် ကားခေါင်မိုး နဲ့တော့ကွက်တိပဲတဲ့။ ကားအော်ဒီယိုစနစ် ညံ့တယ်လို့ဆိုတယ်။ တာဘိုအင်ဂျင်နဲ့ဆိုပေမယ့် အမြင့်ဆုံးအရှိန်နှုန်း အရတော့ Coupe ကားတွေထဲမှာ အနိမ့်ဆုံးလို့ သိရတယ်။

ရမှတ် - ကားဝက်ဘ်ဆိုက်တွေကGenesis ကို ကြယ်လေးပွင့်နဲ့တစ်ဝက် ပေးထားပါတယ်။

 

2013 Audi A5 Coupe

အော်ဒီက V5 တံခါးနှစ်ပေါက်  ပြိုင်ကားလေးတွေကို ၂၀၀၈ ခုနှစ်ကတည်းက  စတင်ထုတ်လုပ်ခဲ့တာပါ။  အော်ဒီ က ထုတ်လုပ်သမျှ V6  နဲ့  S5 ကားတွေဟာ ရုပ်ထွက်အကောင်းဆုံး တံခါးနှစ်ပေါက် လျှောစောက်ကားတွေလို့ သတ်မှတ်ခံရပါတယ်။ ဇီနွန်နှစ်ထပ် ရှေ့မီးကြီးတွေနဲ့ လေခွင်းအားသုံး ဖောင်းလိုင်းတွေက အော်ဒီကို ပိုပြီး ဆွဲဆောင်မှု ရှိစေတယ်။ တံခါးနှစ်ပေါက်ကားဆိုပေမယ့် ဇိမ်ခံဆီ ဒင်ကားပုံစံ တည်ဆောက်ထားတာ တွေ့ရတယ်။ ဒါကြောင့် ပေါ့ပါးကျစ်လျစ်တဲ့ ကားပုံစံမျိုးကိုမှ ကြိုက်တဲ့သူတွေက  အော်ဒီနဲ့အံကိုက်မဖြစ်နိုင်ပါဘူး။ ယမန်နှစ်က ထုတ်လုပ်တဲ့ ၃ ဒသမ ၂ လီတာဆံ့ V6 အင်ဂျင်က ဆီစားလွန်းတယ်လို့ သတင်းထွက်လာတာကြောင့် ၂၀၁၃ မော်ဒယ်လ်ကို နှစ်လီတာဆံ့ V4 ၀ါအင်ဂျင်နဲ့  ထုတ်လုပ်လိုက်တယ်လို့  ယူဆရပါတယ်။

အင်ဂျင်ပါဝါ - နှစ်လီတာဆံ့အင်ဂျင်က အင်ဂျင်ရုန်းအား၂၅၈ lb-ft မှာ မြင်းကောင်ရေ ၂၁၁ ကောင် ထွက်ရှိတယ်။ ၁၈ လက်မအလူမီနီယမ် အလွိုင်းဘီးတွေ အသုံးပြုထားတယ်။ ဆီစားနှုန်းက သိပ်ပြီးမသက်သာပေမယ့် ဂီယာ ဆီပို့စနစ်က အင်ဂျင်အအေးပေးစနစ်ကတစ်ဆင့် သွားတယ်လို့ သိရတယ်။

မြန်နှုန်း - ရိုးရိုး(မန်နျူရယ်) ဂီယာခြောက်ချက်နဲ့ လေးဘီးယက်ကား V5 က စတင်စက်နှိုးချိန်ကနေ တစ်နာရီ မိုင် ၆၀ နှုန်းကိုရောက်ဖို့ ကြာမြင့်ချိန်က ၅ စက္ကန့်ပါ။ မြို့တွင်းဆီတစ်ဂါလန် ၂၁ မိုင်နှုန်းနဲ့ မြို့ပြင် (ခရီးဝေး)ဆီတစ်ဂါ လန် ၃၁ မိုင်နှုန်းသွားနိုင်တယ်။ ဆီတိုင်ကီက ၁၆ ဒသမ ၁ ဂါလန်ဝင်ဆံ့တယ်လို့ သိရတယ်။

ဈေးနှုန်း -  2012 Audi A5 Coupe ရဲ့ Retalied Price က အမေရိကန်ဒေါ်လာ ၃၇,၈၅၀ ဖြစ်ပါတယ်။

ရာဇ၀င် - ဈေးနှုန်းအရ သင့်တင့်တဲ့ တံခါးနှစ်ပေါက်ကားဖြစ်တယ်လို့ အော်ဒီကဆိုပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး မောင်းနှင်သွားလိုသူတွေအတွက်တော့ အော်ဒီ V5 က ပြိုင်ကားမဆန်ပါဘူး။ ၂၀၁၃ မော်ဒယ်လ်ဖြစ်တာမို့ စက်စွမ်း အားမြှင့်ထားပါတယ်။ ကားကိုယ်ထည် တောင့်တင်းမှုရှိတယ်။ အော်ဒီနဲ့နှိုင်းယှဉ်လိုက်ရင် တခြားသော Coupe ကားလေးတွေက အရည်အသွေး ဒါမှမဟုတ် ရောင်းချရမှု အရေအတွက်မှာသာ လွန်ကောင်းသာလွန်နိုင်တယ်။ ဒါပေမယ့် ကားရဲ့ဟန်ချက်ညီမျှမှုနဲ့ ခရီးမိုင်များများသွားနိုင်မှုမှာတော့ မယှဉ်သာဘူးလို့ အော်ဒီကဆိုတယ်။ အော်ဒီ ရဲ့ V5 နဲ့ S5 ကား နှစ်မျိုးစလုံးက ကားဒီဇိုင်းရော၊ စက်မှုပိုင်းဆိုင်ရာ တည်ဆောက်မှုမှာပါ ပုံစံကျတယ်လို့ ဆိုကြ တယ်။

အားသာချက် - တံခါးနှစ်ပေါက် လျှောစောက်ကားတွေထဲမှာ ရုပ်ထွက်အကောင်းဆုံးလို့ဆိုတယ်။ဆီဒင်ကားတွေရဲ့ အတွင်းခန်း အပြင်အဆင်မျိုး သုံးထားတယ်။ ဂူဂဲလ်ရဲ့ နောက်ဆုံးပေါ်လမ်းညွှန်မြေပုံစနစ် ပါရှိတယ်။ အီလက် ထရောနစ် စနစ်သုံး စတီယာရင် ပါရှိတယ်။ စတီယာရင် အကူစနစ်ကနေ ခရီးတိုပြီး ဆီစားအသက်သာဆုံး ဖြစ်စေ မယ့်လမ်းကြောင်းကို ရွေးချယ်နိုင်တယ်။

အားနည်းချက် - အော်ဒီဆိုတော့ ဈေးမသေးဘူးပေါ့။ ဈေးသက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်မယ့် တံခါးနှစ် ပေါက်ကားကို ၀ယ်စီးလိုသူတွေအကြိုက်နဲ့ အံကိုက်မဖြစ်နိုင်ပါဘူး။ ဆီစားသက်သာတယ်ဆိုပေမယ့် အမေရိကန် ဈေးကွက်အတွက်ထုတ်လုပ်တဲ့ ကားတွေကိုတော့ စက်စွမ်းအားပိုကောင်းအောင်ပဲ ဦးစားပေးထားတယ်လို့ သိရ တယ်။

ရမှတ် - ကားဝက်ဘ်ဆိုက်တွေက Audi A5  ကို ကြယ်ငါးပွင့် ပေးထားပါတယ်။   

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။